Professional Authors

မာယာမဲ့ ကောင်းကင်

မိုးပေါ် မော့ကြည့်တဲ့အခါ
တိမ်တိုက်ကောင်းကင်တွေသိပ်များပါတယ်..
လေတံခွန်လိုပျံဝဲဖို့ အမြင့်ပျံတက်နေတဲ့စွန်တွေ
မှန်စာတိုက်ထားတဲ့ ကြိုးတွေနဲ့ 
တအားပျံတက်ကြတယ်။
ရစ်ဘီးလုံးကို အဝေးကနေ နိုင်နိုင်ကိုင်ထားရုံနဲ့ 
ဒီစွန်ဟာ အမြင့်ကြီးပျံဝဲနေတာ မဟုတ်ဘူးလေ
ဒီကြိုးတွေဟာ
ပျက်ချင်လည်း ပျက်
ဆက်ချင်လည်း ဆက်…. ။

ကိုယ်ကတော့
လွတ်လပ်တဲ့ငှက်ငယ်ကိုပဲ သဘောကျတယ်
လေကို၀၀ရှု
အသက်ဆိုတာ ကံကြမ္မာချည်းပဲ မဟုတ်ဘူးလေ
ညဏ်ဆိုတာ ကောင်းဖို့ ထက် ဆင်ခြင်သုံးသပ်ဖို့ က
ပိုလှတယ်မဟုတ်လား။
လုံ့ လဆိုတာ လလုံးမဟုတ်တာကြောင့်
မနက်လင်းကတည်းက ကြိုးစားပြီး
ညဥ့်မနက်ခင် အိမ်အရောက်ပြန်ကြတယ်လေ
ဒါကို ဒီကောင်းကင်ကြီးသာ အသိဆုံးမဟုတ်လား။ ။

၃၀/ ၁ /၂၀၁၁
မြလေးသျှင်

In: ကဗျာ Posted By: Date: Apr 30, 2011
Comment #1

ညဏ်ဆိုတာ ကောင်းဖို့ ထက် ဆင်ခြင်သုံးသပ်ဖို့ က
ပိုလှတယ်မဟုတ်လား။…..

commentinfo By: Demon 13 at May 1, 2011
Comment #2

ကိုယ်ကတော့
လွတ်လပ်တဲ့ငှက်ငယ်ကိုပဲ သဘောကျတယ်
လေကို၀၀ရှု
အသက်ဆိုတာ ကံကြမ္မာချည်းပဲ မဟုတ်ဘူးလေ
ညဏ်ဆိုတာ ကောင်းဖို့ ထက် ဆင်ခြင်သုံးသပ်ဖို့ က
ပိုလှတယ်မဟုတ်လား။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #3

လုံ့ လဆိုတာ လလုံးမဟုတ်တာကြောင့်
မနက်လင်းကတည်းက ကြိုးစားပြီး
ညဥ့်မနက်ခင် အိမ်အရောက်ပြန်ကြတယ်လေ
ဒါကို ဒီကောင်းကင်ကြီးသာ အသိဆုံးမဟုတ်လား။ ။

ကောင်းကင်စိုးလည်း သိပါတယ်….

commentinfo By: kaungkinsoe at Nov 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment