Professional Authors

ချစ်နေတော့လည်း

မင်းရဲ့ မာန မျက်ဝန်းကမှ
ရင်မှာ အထင်ကရ ဖြစ်ခဲ့ရတယ် …

မင်းရဲ့ ဥပက္ခာပြုမှုတွေ ကြား
မျက်ရည်တွေ ခြွေလိုက်ရမှ
ငါ့မျက်ဝန်းက ပျော်တတ်နေတာလား ….

ကံကြမ္မာရယ်လို့
တခါ မိန့်ဆိုမိတိုင်း
သိုသိပ်စွာ ကြေကွဲရတယ် …

ငါ့မှာလည်း မာနနဲ့ပါ
ဒါပေမဲ့
ငါမြတ်နိုးတဲ့ မင်းလက်ချောင်းလေး တွေက
ခ၀ါ ချ ပစ်ခဲ့တာ မဟုတ်လား

ရင်ထဲက ဆန္ဒတစ်စုံတစ်ရာအတွက်
နှုတ်ဖျားက တကြိမ်တခါတောင်
ငါပြောမထွက်ခဲ့ဘူး ……

မပြောတော့ပါဘူး
ကျိန်စာသင့် နှုတ်ခမ်းတွေ
အမြဲ လွမ်းနေတော့မယ်

မငိုတော့ပါဘူး
ကျိန်စာသင့် မျက်ဝန်းတွေ
အမြဲ ကန်းနေတော့မယ်

ရင့်ကျက်စွာလည်း ပင့်သက်မချတတ်တော့ဘူး

ချစ်သူရေ
မင်းနဲ့ ပတ်သက်ရင် မင်းငါ့အပေါ်ထားတဲ့
မာနလေးလည်းပဲ
ငါက မြတ်နိုးနေတတ်ခဲ့တယ်

ငါလိုလူ ရှုံးတယ်ဆိုတာ
လောကကြီးရဲ့ပျော့ကွက်လည်း မဟုတ်တော့ဘူး
ရုန်းမရအောင် ချစ်ဖို့ကို
ငါ့ကိုယ်ငါ စီရင်ချက်ချခဲ့တာပါ ။

နင့်လှည့်မကြည့်တော့လဲ ငါကြေကြေကွဲကွဲ ကျေနပ်နေတယ် ။

ရိုးသားစွာ မြတ်နိုးနေဦးမယ့် မနက်ဖန်တွေ တိုင်း
လွမ်းမြူတွေ ဆိုင်းနေဦးမှာပါပဲ လေ … ။

လွမ်းလှိုင်း

28.9.09
( Sunday )
11 : 59 pm

In: ကဗျာ Posted By: Date: Jul 9, 2010
Comment #1

ရိုးသားစွာ မြတ်နိုးနေဦးမယ့် မနက်ဖန်တွေ တိုင်း
လွမ်းမြူတွေ ဆိုင်းနေဦးမှာပါပဲ လေ …..

အရမ်းကောင်းတယ်..

commentinfo By:ုkyi kyi at Jul 11, 2010
Comment #2

အလွမ်းတွေပီပြင်ပါတယ်ဗျာ

commentinfo By: anatyong at Jul 11, 2010
Comment #3

ဟုတ်ကဲ့ ကဗျာ လာဖတ် သွားတာ ကျေးဇူးတင်ပါတယ် 🙂

commentinfo By: lwanhlainge at Jul 12, 2010
Comment #4

ကျွန်တော့်အတွက်ရေးထားသလားအောက်မေ့မိတယ်
မိုက်တယ်ဗျာ

commentinfo By: ဒဿ at Jul 19, 2010
Comment #5

ဒီကဗျာလေးလဲမိုက်တယ်ဗျ
ဒီထက်များများရေးနိုင်ပါစေ

commentinfo By: lunarprinc at Jul 22, 2010
Comment #6

ကြိုက်တယ် lwanhlainge ရေ..
မနက်ဖြန်တွေတိုင်း လွမ်းမြူတွေ ဆိုင်းရင်း..
အချစ်တွေလည်း ဝေဆာနေဦးမှာပါ..

commentinfo By: everstand at Jul 22, 2010
Comment #7

လွမ်းလှိုင်း က နာမည် နဲ.လိုက် အောင် လွမ်း တက်တာပဲ နော်

commentinfo By: fox.mulder at Jul 24, 2010
Comment #8

အရမ်းကောင်းတယ်ကွာ။သယ်ရင်းတွေဖြစ်ချင်တယ်။
nguwar33ပါ။ Invitလုပ်လိုက်လေ။

commentinfo By: ငုဝါ at Jul 25, 2010
Comment #9

ကဗျာ လာဖတ် သွားကျတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ် ။ လွမ်းတတ်လွန်းလို့

နာမည်ကို လွမ်းလှိုင်းလို့ ပေးထားတာပါ ။ ဟုတ်ကဲ့ add လိုက်ပါ မယ် မငုဝါ

commentinfo By: lwanhlainge at Jul 29, 2010
Comment #10

ချစ်နေတော့လဲ ဘာမှကိုအပြစ်မမြင်ပဲ ပေးဆပ်ခဲ့ရတယ် တုံပြန်မှုလေးတချက်တောင်မရှိတော့ ရင်နာရတယ် အဲဒီတော့သူမသိအောင်လွမ်းနေတာပဲကောင်းတယ်နော် လွမ်းလှိုင်း

commentinfo By: kalay at Sep 22, 2010
Comment #11

လွမ်းရဲ တာကို အရမ်းကြိုက်တယ်

commentinfo By: နွေ at Sep 22, 2010
Comment #12

@ Kalay
မသိအောင် လွမ်းတာ ဖြစ်စေ သိအောင်ပဲ လွမ်းတာဖြစ်စေ ပေါ့ ခံစားရတာ တူတူပါပဲ .. အလွမ်းတွေ နဲ့ နေသား တကျ ဖြစ်နေလို့ ကောင်းတယ် မကောင်းဝူး တောင် မသိတော့ပါဝူး .. ကျေးဇူးတင်ပါတယ်

@ နွေ
thz u so much

commentinfo By: lwanhlainge at Sep 30, 2010
Comment #13

လွမ်းမြူတဲ့ စကားလုံးတွေကတော့ ရေလည် လန်…ပြန်….ထွက်နေကြောင်းပါ ~~

commentinfo By: X - ray at Feb 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment