Professional Authors

ကင်းစောင့် (မင်းခိုက်စိုးစန်)

ငါဟာ ကင်းစောင့်တစ်ယောက်ပါပဲ၊
တစ်ညလုံး မအိပ်စက်ဖြစ်ဘဲ
အလွမ်းတွေနဲ့ပဲ မိုးစင်စင်လင်းခဲ့တယ် …

“ချစ်တယ်” ဆိုတာ … ငါ့ဘဝရဲ့
ဘယ်ဝါကျမှာမှ မသုံးဘူးသေးတဲ့
ကြိယာတစ်လုံးပါ။

နှုတ်ခမ်းထူထူတွေနဲ့ လှောင်ပြုံး
မာယာများတဲ့ ငါးခုံးမလေးရေ
    မင်းကြောင့်
    ငါ့အိပ်မက်တွေ တစ်လှေလုံး ပုပ်ခဲ့ပေါ့ …။

မင်းခိုက်စိုးစန်
June 2003
———————————————
ဤကဗျာများအား စုစည်းပြီးပေးပို့သော ဆရာ ခွန်းချိုငြိမ်းချမ်း နှင့် တင်ဖို့အတွက် ခွင့်ပြုချက်ပေးသော ဆရာမင်းခိုက်စိုးစန်အား poemscorner မှ အထူးကျေးဇူးတင်ရှိပါသည်။

Comment #1

ကဗျာလေးတွေကြိုက်လွန်းလို့ fb မှာ ပြန်လည်ဖြန်ဝေခွင့်ပြုပါဗျာ။

commentinfo By:ူပီရသရ at Jun 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment