Professional Authors

တကယ်တမ်းတော့ ဘယ်အရာမှ “မျှော်လင့်လို့ မရဘူး” ဆိုတာပါ

ကြိုးစားမှုတွေ အဆုံးသတ်လို့ 
ငါ… ရုန်းကန်ခဲ့တယ်
ဘယ်သူ့ အတွက်ဆိုတာ ကန့် သတ်ပြီး…။

ဦးခေါင်းခွံမှာတောင် ဆဲလ်အသေတွေဖြူပြီ
အမြင်တွေလည်းေ၀၀ါး
ပင်ပန်းနွမ်းလျနေတဲ့ တစ်ခုတည်းသောနှလုံးသား
ဟာလာဟင်းလင်း ပါးစပ်နဲ့ …။

နောက်ဆုံးတော့…
အလင်းရောင် ပြည့်ဝတဲ့ ဓာတ်တိုင်တစ်တိုင်အောက်မှာ
မိုးနဲ့ ရောတဲ့ မျက်ဝန်းကမိုးစက်တုတွေနဲ့ 
ရိရွဲနေတဲ့ ပါးနှစ်ဖက်ကြားက
ငါ့…မဲ့ပြုံးတစ်ခုပဲ…
အဖတ်တင်ခဲ့တယ်…။     ။
                                 မင်းကိုကို

In: ကဗျာ Posted By: Date: Jul 5, 2010
Comment #1

အားပေးကြပါဦး…….
ကျွန်တော်က ဘ၀အမြင်လေးတွေလည်းရေးလေ့ရှိတယ်………

commentinfo By: မင်းကိုကို at Jul 5, 2010
Comment #2

ဘ၀ အမြင်လေးတွေကိုလဲ ကြိုက်ပါတယ်………………

commentinfo By: thuthu at Jul 5, 2010
Comment #3

cxsd

commentinfo By: sawhlamintun at Jul 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment