Professional Authors

စိတ္တအတွေး(M A K)

ရှုပ်ပွနေတဲ့ အခန်းထဲမှာ
မှေးမှိန်နေတဲ့ မှန်ဘောင်ထဲက
အသက်မဲ့နေတဲ့ မင်းမျက်နှာကို
စိုက်ကြည့်နေရင်း
ဝမ်းနည်းနေရမလား………..။

သတိရနေတဲ့ လူတယောက်ကို
မေ့ပျောက်ဖို့ ကြိုးစားနေသူရဲ့
ခံစားချက်နဲ့ ဆန္ဒနောက်ကို
ပျော်ရွှင်စေခြင်းကများ
မေ့ပျောက်စေမှာတဲ့လား…………..။

ကြွေကွဲနေတဲ့ လူတယောက်အား
ဟသပျက်လုံးတွေ ထုတ်လို့
ရယ်မောအောင် လုပ်နေသူတို့ကများ
ကြွေကွဲသူရဲ့ ပျော်ရွှင်မှုက
အစစ်အမှန်လား ပျော်နေပါ့မလား…………….။

မချစ်လို့မုန်းရက် သူတွေရဲ့
ရက်စက်မှုတွေက
ဒီလူရင်ထဲမှာ
ဝမ်းနည်းနေမယ်လို့များ
ထင်နေလို့လား………………။

မေးခွန်းများစွာ တို့အတွက်
ဖြေစရာရှိပေမဲ့လဲ
မဖြေချင်သူ သူတယောက်ရဲ့
ဆန္ဒတခုရဲ့အဖြေနဲ့
ထပ်တူကျနိုင် ပ မလား…………….။

In: ကဗျာ Posted By: Date: Aug 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment