Professional Authors

အဝေးက အလွမ်း

မင်းပြောပြောနေတဲ့ အဝေးကြီးကို ရောက်သွားတဲ့အခါ
ငါ့ကို ဆက်ပြီးသတိရနေပေးပါ
သွေးအေးတာပဲဆိုတဲ့ အယူအဆတွေအမြဲမေ့ထားပြီး…
အမှန်တရားဆိုတာ သည်လိုပဲ
အမြဲရိုးစင်းပါတယ်…။

ငါ့အတွက် မြတ်နိုးမှုတွေ
မင်းကောင်းကင်မှာ ခေါင်ခိုက်သွားပြီလို့ ပြောတဲ့အခါ
အရုပ်ကြိုးပြတ် ငိုက်စိုက်သွားတဲ့ ဦးခေါင်းပိုင်ရှင်
သည်အရူး…။

မဖြစ်နိုင်ဘူး ဆိုတဲ့ အလွမ်းထုတွေ
တအိအိ ပိကျနေတဲ့ ငါ့ကျောပြင်
ပေါက်ပြဲနာကျင်စွာ…
ကြိမ်တစ်တို့ အောက်က တို့ နှလုံးသားတစ်စုံဟာလည်း
နာကျင်စူးရှ…။

အတောင်နှစ်ဖက် စက်တပ်ယာဉ်ကြီးငေးကြည့်ရင်း
မင်းနှုတ်ခမ်းလေးကိုလွမ်း
ဝေးချင်လည်းဝေးပါ
ငါ့ချစ်ခြင်းတွေ မသေဘူး…
အိပ်ပျော်အောင် အိပ်ပါချစ်သူ
ငါ့ဝိညာဉ်က မင်းရဲ့ ညတိုင်းအတွက်… ။      ။
                                                            မင်းကိုကို

In: ကဗျာ Posted By: Date: Jul 5, 2010
Comment #1

ဒါလေးက ပိုမိုက်တယ်

commentinfo By: thuthu at Jul 5, 2010
Comment #2

ဝေးခြင်းရဲ့ အခြားတစ်ဖက် နီးခြင်းနံရံ ကာဆီးနေလျက်ပါ…..

commentinfo By: မနောဖြူလေး at Jul 6, 2010
Comment #3

like it ……

commentinfo By: မင်းကိုကို at Jul 15, 2010
Comment #4

ဖြစ်ပါစေလေ………

commentinfo By: မင်းကိုကို at Jul 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment