Professional Authors

အပျိုကြီးမာန်

နည်းနည်းလေးလှုပ်ရှားမိတဲ့ အသဲ
ဘ၀တစ်ခုလုံး
ရေငုံနှုတ်ပိတ်ခဲ့ ရမှု့ များ
ဖြစ်တောင့် ဖြစ်ခဲ
လွှဲချော်မှု့ ကိုက
ဒဏ်ရာတွေပရပွနဲ့ 
တစ်သက်လုံးဖာလို့ ထေးလို့ မဆုံးနိုင်တော့ ဘူး
အဆွေးသီချင်းတွေကြားတိုင်းလဲ
ကိုယ့် ဝိဥာဉ်ကိုယ်မလုံခဲ့ ဘူး
ဒီကြားထဲရာရာစစ
ပုရိသသီအိုရီတွေကို
ချုပ်လုပ်ပုံ့သွင်းထားတဲ့ လောကဓံ
ခုတလောလူကိုချော့ မြူဆွဲဆောင်နေပြန်တယ်
ခတ်ပါတယ်
ဘ၀နေနည်းနဲနဲပြင်မှပါပဲ
မေတ္တာတရားဆိုတာကို
အရောင်နဲ့ အဆင်းနဲ့ လို့ မခံစားနိုင်အောင်
သတိကလေးကပ်ထားဦးမှ
အင်း
စိတ်…စိတ်
လူမြင်မခံဝံ့ ဆုံး
ဖြစ်ပျက်တွေနဲ့ ပဲစခန်းသွားမိနေပါလား
                                                 မင်းလူန

In: ကဗျာ Posted By: Date: Feb 29, 2012
Comment #1

ဝိုးးးးးး …. ဂွတ်တယ် အစ်ကိုမင်းလူန 🙂

commentinfo By: နတ်သမီး at Feb 29, 2012
Comment #2

he,,he,,
nice

commentinfo By: ei lay at Feb 29, 2012
Comment #3

so nice…..

commentinfo By: moezat at Feb 29, 2012
Comment #4

ဒဏ်ရာတွေပရပွနဲ့ 
တစ်သက်လုံးဖာလို့ ထေးလို့ မဆုံးနိုင်တော့ဘူး
အဆွေးသီချင်းတွေကြားတိုင်းလဲ
ကိုယ့် ၀ိဥာဉ်ကိုယ်မလုံခဲ့ဘူး
ဒီကြားထဲရာရာစစ
ပုရိသသီအိုရီတွေကို
ချုပ်လုပ်ပုံသွင်းထားတဲ့လောကဓံ
ခုတလောလူကိုချော့ မြူဆွဲဆောင်နေပြန်တယ်

commentinfo By: kantkawmg at Mar 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment