Professional Authors

အတိတ်ရဲ့ ..ဆူး

ကောင်မလေးရေ ..တကယ်ပါ
မင်းကိုထိခိုက်စေဖို့ ငါမရည်ရွယ်ခဲ့ပါဘူး…

တို့နှစ်ယောက်ရဲ့အဘိဓါန်မှာ
ခွင့်လွှတ်တတ်သူသာ အရှုံးတဲ့
မင်းပြုံးရင်းပြောခဲ့ဖူးတယ်နော်..

ငါခဏတာ ပျော်ရွှင်ဖို့အတွက်
တစ်သက်စာ မင်းပေးဆပ်ခဲ့တာ တန်ရဲ့လား
ရှင်သန်ခြင်းကို အဆုံးသတ်တဲ့ထိအောင်တော့
မင်းခွင့်မလွှတ်တတ်ခဲ့သင့်ဘူးလေ….

မင်းမပါတဲ့ဘ၀တစ်ခုကို ငါတည်ဆောက်ခဲ့ဖူးပြီ
ငါတားခဲ့တဲ့စည်းတွေ ချိုးဖောက်ခံခဲ့ရဖူးပြီ
ကောင်မလေးရေ…..
ဝဍ်ဆိုတာ လည်တတ်စမြဲတဲ့

မင်းယုံပါ
ဆူးကြီးကြီးစူးခဲ့တဲ့ အသဲအိုအိုဟာ
အတိတ်နာ အမာရွတ်အတွက်
ကြွေးဆပ်လို့ မကုန်နိုင်သေးဘူး……

In: ကဗျာ Posted By: Date: Jul 5, 2010
Comment #1

kg ma lay kar bar phit thwar tar lal hin
thana phoe kg tal

commentinfo By: ayayethi at Aug 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment