Professional Authors

နောက်ထပ် မရှိနိုင်တော့တဲ့. အာဇာနည် သစ်ပင်

တစ် ပြည်လုံးမှာ တစ်ပင်
တစ် ပင်မှာ တစ်သီးပဲသီး
တစ် သီးက တစ်ခေတ်ရဲ့ အဖိုးတန်ဆုံး အရသာ
တစ် ခေတ်ရဲ့ အဖိုးတန်ဆုံးအရသာ ကို တစ်ပြည်လုံး စားသုံး
တစ် ပြည်လုံးစားသုံးတဲ့ အနှိုင်းမဲ့ အရသာတစ်ခု
တစ် ခုသော အနှိုင်းမဲ့ အရသာက တစ်ရက်ကျတော့ ကြွေလွင့်
တစ် ရက်ကျတော့ ကြွေလွင့်သွားတဲ့အခါ တစ်ပြည်လုံး ငိုကြွေး
တစ် ပြည်လုံးငိုကြွေး တော့ တစ်ခါနာကြည်း
တစ် ခါနာကြည်းတော့ တစ်ခါ သတိရ
တစ် ခါ သတိရတော့ …တစ်ခါ တမ်းတ
တစ် ခါ တမ်းတ လို့ တစ်ခါ လွမ်းပင်စိုက်
တစ် ခါ လွမ်းပင်စိုက်တော့ ရင်ဘတ်ထဲ ဝေဆာ လာတာက တစ်ပင်တည်း ဗိုလ်ချုပ်ပင်
တစ် ပင်တည်း ဗိုလ်ချုပ်ပင်ကို လွမ်းဆွတ်ခြင်းနဲ့ ပျိုး…တစ်ပြည်လုံး
တစ် ပြည်လုံးမှာ တစ်သစ်ပင်..။

In: ကဗျာ Posted By: Date: Jul 4, 2010
Comment #1

၁၉ ဇူလိုင် မမေ့နိုင်
မမေ့နိုင်
. . . . .
. .
.

commentinfo By: ရဲထွေး(UCSM) at Jul 15, 2011
Comment #2

အရမ်းမိုက်တယ်

commentinfo By: စုနိုင် at Jul 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment