Professional Authors

မင်းအတွက်


မင်းအတွက်
———————————

မှိတ်မရတဲ့မျေက်ဝန်းတွေကြောင့်

ရောက်တတ်ရာရာကို စဉ်းစားတိုင်းမှာ

မင်းအကြောင်းပဲတွေးနေမိတယ်….

ကြယ်ရောင်တွေလင်းလတ်ပြီး

လမင်းအထီးကျန်ချိန်မှာ မင်းတစ်ယောက်

အိပ်မောကျနေပြီပေါ့်

ဟိုဘက်ဒီဘက်လူးလှိမ့်ရင်း

အဓပ္ပါယ်မရှိတဲ့ည ကို မင်းကိုယ့်အနားမှာရှိသလိုခံစားရင်း

မင်းကိုချစ်ကြောင်းစာလုံးပေါင်းကို

`
ကိုယ်ရေးဖွဲ့မိတယ်………..

တကယ်တော့ကိုယ်တစ်ယောက်တည်း

တိတ်ဆိတ်တဲ့ညဉ့်အလယ်ကိုဖြတ်သန်းဖို့

ခွန်အားသစ်တွေမွေးနေရတုန်းပဲ..

ကိုယ့်အဖြစ်ဟာလဲ အမှောင်ယံကိုတိုးနေရသလိုပါပဲ

မင်းကိုယ်နဲ့အဝေးဆုံးကိုထွက်သွားဖို့ကြိုးစားနေတာကို

ကို်ယ်တွေ့လိုက်ရချိန်မှာ ကိုယ်ဟာ

သွေးရူးသွေးတန်း အပြေးတစ်ပိုင်းနဲ့

မင်းနောက်ကိုလိုက်ခဲ့တယ်…

ချစ်သ်ူရယ်ကိုယ့်ကိုဝေဒနာတွေမပေးပါနဲ့”လို့

တောင်းပန်ရင်းနှလုံးခုန်တွေမြန်လာချိန်မှာ

ဖျတ်ခနဲလန့်နိုးလာခဲ့တယ်……

အပြင်မှာတော့မိုးကသဲကြီးမဲကြီးပေါ့

ကိုယ့်နံဘေးမှာတော့ မင်းအတွက်ကဗျာတစ်ပုဒ်

(ဒဏ်ရာ)

In: ကဗျာ Posted By: Date: Jul 4, 2010
Comment #1

good feeling.
love ,,,,love ,,,,,love ,,,,,so hot par lar naw?

commentinfo By: ei lay at Jun 23, 2011
Comment #2

ei lay le gout nay p,,
read again this nice poem.

commentinfo By: ei lay at Feb 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment