Professional Authors

အလွမ်းကို လားရာရွှေ့ပေးတဲ့ ကဗျာ

ထိုင်ငေးနေဆဲ
အရောင်မလက်သေးတဲ့
ဟောဟိုအဝေးက
အမေ့ခံ အလွမ်းတွေ….

့်ငါ့ရှေ့က
မြင်ကွင်းကျယ်နဲ့
နေမထွက်ခဲ့ရတဲ့ စိတ်ကူးတွေ….

အောင့်သက်သက်
ဝေဒနာကိုခွာထုတ်ဖို့
မရောက်ရောက်သည်အထိ
ဖိတ်ခေါ်နေကြပြီ
မျက်ရည်လမ်းတစ်ခုဆီကိုလေ

နေရာအစဉ်တကျမရှိကြတော့တဲ့
ရေးလက်စအိပ်မက်တွေ
မှိုင်ငေးသူ
ငါကိုယ်တိုင်ကို
တိတ်ဆိတ်စွာ လောင်ကျွမ်းစေခဲ့ပြီးပြီ….

မိုးတွေတောင် ရွာတော့မယ်
အခုချိန်
ငါဟာ ကုန်းမြေမြင့်လေး
ဖြစ်ချင်မိပေါ့
ငါတွန့်ခေါက် မို့မောက်ချင်လှပါပြီ
ဒီမိုးတွေရွာတိုင်း
ရေမအိုင်ပါရစေနဲ့တော့
ဒီမိုးတွေ….
ရွာတဲ့အခါတိုင်း
ငါမအေးစက်နေပါရစေနဲံ့တော့လားကွယ်…..

In: ကဗျာ Posted By: Date: Jul 2, 2010
Comment #1

ဒီမိုးတွေရွာတိုင်း
ရေမအိုင်ပါရစေနဲ့တော့
ဒီနွေခေါင်ခေါင် မှာလဲ
ရင်တွေအေး ပါရစေ

Leave Comments

Name*

Email*
Website
Email me whenever there is new comment