Professional Authors

အမှတ်တရ ကဗျာများ

မီးမလာ မှောင်ကာမိုက်

ရေမရှိခိုက်

ခွေးကအူ

ဝမ်းကပူ

ငါ့တို့ဘဝ

နူတူတူ။

ခုတစ်မျိုး

တော်ကြာတစ်မျိုး

အမျိုးမျိုးသောသူ

ဝါဒတွေတစ်ခါဖြန့်

တစ်ခါရုတ်

အလုပ်ရှုပ်သောသူ

သဘောရှိ

မနောရှိ

သူသဘောကိုသာ

ဆောင်လိုသူ

စိတ်မတွေ့မချင်း

ဒေါသပုန်ထ

အရာရာကို ဖေါက်ခွဲသူ

ထိုသို့သောသူ

သို့သောသူ

သင့်သဘောကို

ငါဆောင်အံ့

သူရှုးဖြစ်ရတံ့။

Comment #1

Wow.. မိုက်တယ် မိုက်တယ်.. Love it! 😀

commentinfo By: Kitty Yang at Jun 13, 2009
Comment #2

ကျွန်တော် ပထမအပုဒ်ကို ကော်ပီ ကူးသွားပါတယ်။

commentinfo By:ုkyaw zin win at May 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment