Professional Authors

တသက်စာ အမှတ်တရ

မင်းလေးနဲ့ခနတာ ထိတွေ့ခွင့်လေးတွေက
ကိုယ် အတွက် တသက်စာ
အမှတ်တရစရာတွေပါ…

မင်းလေးရဲ့အပြုံး၊ရီသံလေးတွေက
အမြဲတမ်း ကိုယ်ခေါင်းမှာ မူးကာရစ်
တဖြည်းဖြည်းနဲ့ မင်းလေးကိုပိုပိုချစ်လာမိတယ်….

စိုးရိမ်တယ်…
ငါ့အချစ်ကိုတွေ မင်းလေးသိနိုင်မလား
ဟောဒီရင်ဘတ်တွေထဲကနေပြီး အရိုးထဲအထိ
မင်းလေးကို တမ်းတမ်းစွဲချစ်နေမိတာပါ..

ကြားဖူးပါတယ်..
တဖက်သတ်အချစ်ဆိုတာ
အမြင်မကောင်းပေမဲ့ အပြစ်ကင်းစင်ပါတယ်..
ငါ့စကားတတ်ပါတယ်….သတ္တိလည်းရှိပါတယ်..
ဒါပေမဲ့ မင်းလေးနဲ့တွေ့တဲ့အချိန်ရောက်ရင်
အလိုလို ငါရင်တွေ၊ငါလက်တွေ၊ငါဒူးတွေ ပရုတ်းသုတ်ကားဖြစ်နေသလို
ငါ့ပါးစပ်ကလည်း အလိုလို ဆွံ့အသွားအမြဲပါကွာ..

စိတ်ပူတယ်….
မင်းလေးကိုယ့်ကြောင့်..မျက်နှာတော်ညိုးမှာကိုတော့
ငါကြောက်နေမိတယ်..
မင်းလေးမျက်နှာမှာ အပြုံးမရှိရင်
ငါ့ကမ္ဘာမှာ နေမသာတော့လောက်အောင်ပဲ
ဆိုးဝါးပါတယ်..
ဒါပေမဲ့ မင်းလေးကို ကိုယ်အနားမှာပဲရှိစေချင်မိတယ်..
ဟုတ်တယ်….မင်းလေးသိအောင် ဖွင့်ပြောပြချင်တယ်…
အဲဒါမင်းလေးကိုချစ်တယ်လို့ ငါအကြိမ်ကြိမ် ကြိုးစားပြီး
ပြောဖို့သတ္တိတွေမွေးတိုင်း ငါဘာလို့ ကြောက်နေတာလဲ…

ကဗျာမရေးဖြစ်တာကြာတော့ အမှားပါလိမ့်မယ်….ဖြည့်စွက်ဖတ်ပေးကြပါ…..
စိုး…..

In: ကဗျာ Posted By: Date: Sep 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment