Professional Authors

နှောင်းရိပ်

အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီတဲ့လား မေ….
သံသရာတကြောင်းမှာ ကံအခါခါ မကောင်းခဲ့ပါဘူး…
 တရံတခါအဟောင်းတွေ ပြန်ပြန်ကာအောင်းမေ့နေလို့..
အကြံ့အဖန်မကောင်းခဲ့လေတော့ အပြန်အလှန်ပေါင်းဖို့မမျှော်…
အမြန်အဆန်သာဂျောင်းကွဲ့နော်မောင်လို့သာ တဲ့လား….။
မာယာစမ်းရေ တလျင်လျင်စီး
 မညာမတာကမ်းမြေ တသွင်သွင်ခရီးမှာဖြင့်
မဟာအလွမ်းတွေ ရင်တခွင်မီးလို
ဒီမှာလေတစ်ကိုယ်တည်း…
ကဗျာတွေဆိုညည်းကာရယ်
ရာသီတွေအိုပြီးလာတယ် မေ….။
နှလုံးအယူခံ ၀င်လာလေသမျှ…
ရှုံးသူမဟန် အစဉ်အလာတွေချကာ…
အမုန်းပလူပျံ အကြင်နာတွေ အ တော့
အရင်နေရာတွေကျရင် ပြင်ကာလေမရ
ရင်အခါခါ ကြေမွတတ်စမြဲပါ..မေ…..
ရင် အခါ ခါ ကြေ မွ တတ် စ မြဲ ပါ……။…။

In: ကဗျာ Posted By: Date: Jun 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment