Professional Authors

ဆုံနိုင်ခွင့်

မလာနိုင်မှန်းသိရက်နဲ့
မျှော်ခဲ့မိတာ အကြိမ်ကြိမ်
မမြင်နိုင်မှန်း သိရက်နဲ့
ရှာခဲ့မိတာ အခါခါပါ။

အိပ်မက်မှာ စွဲလမ်း
ရင်ထဲမှာ တမ်းတနေပေမယ့်
အိပ်မက်က လန့်နိုး
သူ့အရိပ်တွေ ပျောက်ဆုံးနေဆဲ
လွမ်းရတဲ့ ဒီရင်ကို
သူလေ မမြင်နိုင်ပါဘူး။
ပျောက်ဆုံးနေတဲ့ သခင့်အရိပ်
မှန်းလို့ ဖွေရှာရင်း
မလွှဲသာ ဟန်ဆောင်အပြုံးနဲ့
စောင့်မျှော်နေဆဲ
ဆုံနိုင်ခွင့်မရှိသေးတဲ့ အဝေးတစ်နေရာမှာ
သူ့အပြုံးတွေ မှန်းဆရင်း
လွမ်းနေရပေမယ့်…..
ဖြေသာတယ်။

In: ကဗျာ Posted By: Date: Jun 30, 2010
Comment #1

မျှော်မလာ ရှာမတွေ့
အိပ်မက်ထဲတောင် မေ့နိုင်အားတဲ့သူ။
ဆုံနိုင်ခွင့်လေး ဝေးနေတဲ့ဘ၀မှာ
“အချစ်မင်းကိုလွမ်းရတဲ့ညတွေလွန်ပါစေ”ဆိုတဲ့သီချင်းက
ငါ့ကိုလာလာနှိပ်စက်တယ်။

Comment #2

ကြုံလာစေချင်ပါရဲ့
ဆုံနိုင်ခွင့်ရှိမယ့်ရက် အိမ်မက်ထဲတောင်
တမ်းတတတ်လွန် လွန်းလို့
ဖြေသာဖြေရ တယ် လွမ်းစိတ်က
မပြေလှပါဘူး….
ကြယ်ရောင်တွေ ပူပြင်းလွန်းလို့
အဲဒီ ချစ်ခြင်းတွေစိမ်းတဲ့ မြက်ခင်း
ငါရေမလောင်းဖြစ်ခဲ့တာကြာပြီ။

commentinfo By: naynyo23 at Jun 30, 2010
Comment #3

အလွမ်းပင်များ
ရှင်သန်နေမြဲ
ရေမလောင်းပဲ
ပင်ပျိုတွေက
သန်စွမ်းနေဆဲပင်…

commentinfo By: မနောဖြူလေး at Jul 1, 2010
Comment #4

မျှော်နေတာသူသိရင်ကောင်းမယ်နော်

commentinfo By: moe at Sep 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment