Professional Authors

?

အလဲလဲ အကွဲကွဲနဲ့ 

နားထင် တစ်ဖက်ဆီမှာ သွေးတွေ ဆူပွက်လို့

စကားတွေ ဆွံအ နေရပြီ

 

ပြစရာရယ် မရှိ…. ပေးစရာရယ် မရှိ

အော်…ညိုးငယ်လို့ပါ

ဒဏ်ရာတွေကလဲ

ဘောင်ခတ်ပြလို့ မ၀သေးဘူးလား

 

အလွမ်းတွေ ဖွဲ့ဆိုနေရင်း

ရင်ခုန်ခြင်းတွေနဲ့ ဝေးရင်း ဝေးနေတော့မလားပဲ..

 

ဘ၀ကို လှလှ ပပ ရေးဆွဲချင်လို့

ပျောက်ချက်သားကောင်းတဲ့ ဒီစုတ်ချက်တွေ

ရှာဖွေတိုင်း…

ဗလာအပြည့်နဲ့ ဘ၀ စာမျက်နှာဆီ

ပွက်ပွက်ညံတဲ့  ဆေးအမဲစက်တွေက

ဟန်ရေး တပြင်ပြင်နဲ့ပါ..

 

အခုအချိန် မိုးလင်းမဟုတ်တာ

သိပြီးသားပါ….

ဘာကြောင့် ညတွေက မှောင်နေရတာလဲ?

တိမ်တွေက လရောင်ကို ဘာကြောင့် ဖုံးလွမ်းထားတာလဲ?

လေပြေတွေဆိုပြီး ဘာကြောင့် ပူနေရတာလဲ?

ခြောက်ခြောက် ခြားခြားနဲ့  မက်တဲ့ အိမ်မက်တွေတိုင်း

မဲသထက် မဲတဲ့ အရိပ်တွေက

ဘာကြောင့် ငါကိုဖြေရှင်းခွင့် မပေးရတာလဲ?….

အခု…ငါ့အတွက် အဖြေ မရှိတော့ဘူး…

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

ဘ၀ကို လှလှ ပပ ရေးဆွဲချင်လို့

ပျောက်ချက်သားကောင်းတဲ့ ဒီစုတ်ချက်တွေ

ရှာဖွေတိုင်း…

ဗလာအပြည့်နဲ့ ဘ၀ စာမျက်နှာဆီ

ပွက်ပွက်ညံတဲ့ ဆေးအမဲစက်တွေက

ဟန်ရေး တပြင်ပြင်နဲ့ပါ..
လုလင် အားပေးနေပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment