Professional Authors

မေ…………….သို့ (၆)

ရင်ကွဲနာကျတဲ့ ဇာတ်လမ်းတွေ
ငါမကြားချင်ပါဘူးဆိုမှ
ဒီအခန်းမှာငါကဇာတ်လိုက်ဖြစ်နေပြီလား…………
မေရယ်
ငါ့ မျော်လင့် ချက်တွေသာ
သက်တမ်းရှည်ရှည်ရပ်တည်ခွငိ့ ရမယ်ဆိုရင်
ဧ၀ရက်တောင်ရယ်
ဓူဝံကြယ်ရယ်
ကောင်းကင်ပြာရယ်
သမုဒ်တရာခုနှစ်စင်းရယ်
ဘာမြူရယ်တြိဂံဒေသရယ်
အီရက်ကဆာဒမ်ဟူစိန်ရယ်
အရာခပ်သိမ်းသော
အရာများရယ်ကိုစေညွှန်းဖို့ စွမ်းအင်လောက်တော့ အပျော့ 
ဒါက
ပုံသေနည်းမရှိတဲ့ စိတ်ကူးရင်လောကထဲက
ငါ့ စိတ်ကူး
တစ်ကယ်က…..မေ
မင်းငါ့ ကိုမထားခဲ့ ဘူးဆိုရင်
မင်းအိမ်ရှေ့ မှာ
အနည်းဆုံးမူးပြီးအော်တဲ့ နေ့ တွေ ကို
မင်းမမုန်းစေရအောင်နေပေးပါ့ မယ်

မင်းလူန

In: ကဗျာ Posted By: Date: Jun 29, 2010
Comment #1

တစ်ကယ်က
မင်းငါ့ ကိုမထားခဲ့ ဘူးဆိုရင်
မင်းအိမ်ရှေ့ မှာ
အနည်းဆုံးမူးပြီးအော်တဲ့ နေ့ တွေ ကို
မင်းမမုန်းစေရအောင်နေပေးပါ့ မယ်

commentinfo By: အသဲကွဲမိုး at Jan 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment