Professional Authors

Man of The Match

နာရီသံ တချက်ချက်
စိုးရိမ်စိတ်က တစ်ဝက်တက်ပြီ

ညနေက ငါ့ရင်ထဲမှာ
ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေ
ဗုံကွဲပုံကို ပြန်ပြသွားတယ်..

မဆီမဆိုင် ဆိုင်ကယ်က ပျက်စရာလား
ချိန်းက ကျစရာလား….?
အင်း…သူတို့ ဗွေဖေါက်လို့
ကံဆိုးသူက ငါပဲ…

ကံကြမ္မာကို ဘယ်သူက နည်းပြနေတာလဲ..
ကောင်းလိုက်တဲ့ 1-2
ပေါက်လိုက်တဲ့ Counter…
ချစ်သူကို စိတ်ဆိုးပါလေရော..

ဒီနေ့ပွဲမှာ Man of The Match ကို
လွဲချော်မှုကရသွားတယ်လို့ ဆိုရမှာပဲ..
သိကြရောပေါ့ ..ကံကြမ္မာရယ်..
ငါ့အလှည့်ကျမှ လေရော မိုးရော မကဘူး
မိုးကြိုးပါပစ်ချပစ်မယ်……..

In: ကဗျာ Posted By: Date: Jun 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment