Professional Authors

မေမေရေ…သား ကျန်းမာရေးမကောင်းဘူး

မေမေ..
သား ကျန်းမာရေး မကောင်းဘူး။
အခုတလော…အိပ်ကပ်ကော စိတ်ဓာတ်ပါ မာမာချာချာမရှိဘူး။
လူမှုဆက်ဆံရေး ကြိုးဝိုင်းထဲမှာလဲ
မကြာခဏပဲ အလဲထိုးခံနေရတယ်။

ဒီကြားထဲမှာ မေမေရယ်…
ကျွန်တော့်နှလုံးသားကလဲ
မကြာခဏ နှာစေးချောင်းဆိုးဖြစ်ပြ
ခုခံအားတွေ ကျပြီးရင်း ကျနေတယ်။

မေမေရေ…
မေ့မေ့သားကို ခေါင်းမာတယ်လို့ ပြောချင်သေးလား
မိန်းမတစ်ယောက်ကြောင့် အသည်းနာနေရတာသိရင်
အံ့သြချင်လဲ အံ့သြနေမှာပဲ။
သားကိုယ်သားလဲ ကောင်းကောင်း မဝေခွဲတတ်တော့ပါဘူး မေမေရယ်..။

မေမေရေ….
ခက်တော့လဲ ခက်ပါတယ်
ဖြစ်နေတာက အသည်းကွဲရောဂါဆိုတော့
ဆရာဝန်ပြရမှာလဲ နည်းနည်းတော့ ရှက်တယ်..။

(10 Feb 2010)

In: ကဗျာ Posted By: Date: Jun 28, 2010
Comment #1

ဒါဆိုလည်း ဆရာဝန်မပဲ ပြလိုက်ပေါ့ 😛

commentinfo By: မနောဖြူလေး at Jun 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment