Professional Authors

ပြဿဒါးရနံ့တွေ ဝေဆာနေတဲ့ (ကျွန်တော့်ရဲ့ …ခင်ဗျားအတွက်) ချစ်သ၀ဏ်လွှာ

ဘာမှမရေးရက်ပါဘူး

ချစ်တဲ့အသည်းညှာလေးရယ်

ကိုယ့်လက်ဖဝါးတွေဟာ

ပြဿဒါးနိမိတ် သိပ်ဆန်လွန်းတာမို့ 

လွမ်းတာတောင်စာစီပြငိုဖို့  အခွင့်မသာခဲ့ဘူး

 

အားတင်းထားပါကွယ်

မှားယွင်းသွားတဲ့ အတိတ်ဟာ

ခုချိန်မှာအဆိပ်သက်သက်

 

အနားမှာအရိပ်လိုအမြဲရှိခွင့်

အတွက်

အိပ်မက်မဟုတ်တဲ့

အချစ်စိတ်တွေက

အဲဒီအဆိပ်တွေထဲ ခွင်းလို့ 

ဖြို လင်း တောက် ပ လာပါလိမ့်မယ်

ကျေးဇူးပြု၍

မျှော်လင့်ချက်စေတသိက်ကို.

ပိမ်းပိတ်အောင်အမှောင်မချလိုက်ပါနဲ့ 

 

ငါ့ကမ္ဘာမှာ

အစဉ် ထင်း

လင်းနေမယ့် ပုရိသဟာ မင်း

ပြောင်းလဲခြင်းတွေကင်းတဲ့အရပ်မှာ

ထာဝရအတူဆိုတဲ့ အခင်းအကျင်းရှိမယ်

 

 

ဘယ်တော့မှ ငါ့ကို

ချန်ရစ်ထားခဲ့ဖို့ အတွေး

မင်း

မရွေးလိုက်ပါနဲ့ 

 

ယုံပါ ကလေးငယ်ရယ်

ငါ့ဘဝထဲက မင်းကို ဘေးဖယ်ဖို့ 

ဘယ်သောအခါမှမဖြစ်

မဖြစ်နိုင်ခဲ့လို့ 

 

ကြမ်းတမ်းခက်ခဲမှုတွေ

ဘယ်လိုပင် ဘေးရံနေပါစေ

မင်းရှိနေမယ့်လမ်းဟာ

ငါ့ခိုနားရာစခန်းပါပဲ

 

ဟိုးးးးးးးးးမနီးမဝေးလေးမှာ ကိုယ်တို့ 

နှစ်ယောက်အတူဆိုတဲ့

အနာဂတ်ပုံရိပ်လေးရှိတယ်

 

 

ယုံကြည်စွာ လက်ဖဝါးကိုတွဲ ဘဝကိုဆေးခြယ်ကြစို့ 

(မင်းရဲ့ )နေ့ ရက်တိုင်းမှာ ကိုယ်ရှိမယ်
(ဆိုပေမယ့်
နေရာခြား ဒေသခြား တံတိုင်းတွေအထပ်ထပ်ခြားနေတဲ့လက်ရှိမှာ
ပြောင်းလဲပြင်ဆင်ခွင့်မရှိတဲ့ နောင်တများစွာနဲ့
ရက်စွဲတွေတိုင်းဟာ – ပြဿဒါး
ငါဟာ အမှား ဆိုတာနဲ့ပဲ နေသားကျခဲ့ရပါတယ်

(ကံတရားဟာ ကျွန်တော့်အတွက် ဆို …..
ပြဒါးမပါတဲ့မှန်တချပ်လိုပဲ ပြုံးပြပေမယ့်လည်း………… အဆုံးသတ်တိုင်းမှာ အရှုံးပဲရတယ်) )

 

 

In: ကဗျာ Posted By: Date: Nov 26, 2012
Comment #1

a yan mite tal sis

commentinfo By: loafer at Nov 26, 2012
Comment #2

အမှားဆိုတာနှင့်ပဲ နေသားကျရတယ်

commentinfo By: မေပျို at Nov 26, 2012
Comment #3

1 khar de phat ya Tay de,,
Hna lone tarr hte ko net net shine shine win twar de.
A yann kyike de,,,Ma Moe ko

commentinfo By: ei lay at Nov 27, 2012
Comment #4

တစ်ခါတည်းဖတ်ရသေးတယ်
နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း ၀င်သွားတယ်
အရမ်းကြိုက်တယ်…မ မိုး ကို

(ကဗျာကိုရော ကွန်မန့်ကိုရော ခိုက်ပါသည်း-) )

commentinfo By: 13th at Nov 28, 2012
Comment #5

နဲနဲလောက်တော့ရှော့လိုက်ပါလား။ပြဿဒါးရနံ့တွေမဝေပါနဲ့။အချစ်ကဗျာလေးသနားစရာ။

commentinfo By: lighthunter at Nov 28, 2012
Comment #6

မမိုး…အရင်အတိုင်း….ပဲ တကယ်ကောင်းတယ်ဗျ

commentinfo By: poem.poem28 at Dec 10, 2012
Comment #7

ကဗျာကောင်းလေးပါပဲဗျာ……

commentinfo By: moehtetaung18 at Feb 2, 2013
Comment #8

be hna khar hman taung ma ti dot par bu.
a yann kyike de.ma moe yae

commentinfo By: ei lay at Feb 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment