Professional Authors

ချစ်နေရုံလေးတင်

ပါးလျလျဘဝတခုမှာလေ
ဆန္ဒတွေနဲ့လိုက်တမ်းပြေးတမ်းကစားလို့
ရပိုင်ခွင့်တွေမရပိုင်ခွင့်တွေအတွက်
သိပ်ပုံကြီးချဲ့မနေဘူး
ချစ်နေရရုံဆိုတာထက်
ခမ်းနားမြင့်မြတ်တာဘာမှမရှိဘူး။

တကယ်တော့လဲ
အတ္တဆိုတာမမွေးဖွါးလာခဲ့ရင်
ဘာကိုမှဘယ်သူကမှ
တွန့်တိုစရာအရာတခုလို့
အမြင်တွေမတိမ်းစောင်းနိုင်ဘူး
အရာအားလုံးကိုရက်ရောတတ်ကြလိမ့်မယ်။

ခုတော့ကွယ်……..
မရှိပါဘူးလို့ကြွေးကြော်ရင်တောင်
အရိပ်အရောင်ပြပြလာတတ်တော့
ငါလဲငါ့အတ္တနဲ့ငါ
နင်လဲနင့်အတ္တနဲ့နင်
ကမ္ဘာကုန်ကျယ်သရွေ့ပေါ့…..
ချစ်ရုံချစ်နေပြဦးမယ်……..။။။

အမရာ

In: ကဗျာ Posted By: Date: Jun 5, 2010
Comment #1

ကောင်းတယ်ဗျာ…ကြိုက်တယ်။ အတ္တဘုံရဲ့ နိမိတ်ပုံကို ပုထုဇဉ်အားရင်ခုန်နေကြဦးမှာ။

commentinfo By: khun.k at Jun 7, 2010
Comment #2

ကောင်းတယ်ဗျာ
အတ္တရဲ့သဘောကို ရေးသားနိုင်တာ ………..ဒါပေမယ့် တစ်ချို့နေရာတွေမှာ မရှိတာပဲကောင်းပါတယ်
အတ္တက
ကျွန်တော့်အထင်ကိုပြောတာပါ
ပျော်ရွင်ပါစေ

commentinfo By: လမင်း at Nov 20, 2010
Comment #3

ကော်ငးတယ်..ညီမလေး…ချစ်နေယုံနဲ့မပီးဘူးနော်…အတ္တတွေနဲ့………..

commentinfo By: sisi at Oct 29, 2011
Comment #4

tunt to tar hote par bu..
chit lun loh ta win to mi tar par.
a myin saung tar hote par bu.
chit lun loh sate ma cha tar par.
a ta tway ma shi par bu,,,
chit nay yone lay tin par.

commentinfo By: ei lay at Oct 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment