နင့်လူနဲ့ငါ တွေ့ချင်တယ်-၃
အဲဒီကောင်ကို မြူဆွယ်ဖို့
ဖာဆန်ဆန် အပြုံးတွေ
မင်း ဘယ်လောက်သုံးလိုက်ရသေးလဲ။
မင်းရဲ့ ကတ္တီပါကျော့ကွင်းမှာ
သူ စင်းစင်းကြီး မိ တုန်းက
ငါ့လို
ငပေါပြုံးကြီး ပြုံးနေသေးလား။
ရပ်ဝေးမြေခြားမှာ
အတူနေဖို့ ကုန်းရုန်းပြီး
နွားကျခံနေတဲ့ငါ့ကိုမေ့ထားပြီး
“ညီမမှာ ချစ်သူ မရှိပါဘူး” လို့
ဘယ်လိုမျက်နှာထားနဲ့ မင်းလိမ်ခဲ့သလဲ။
“ရှင့်ကို မယူနိုင်တော့ဘူး”
“သူ့ကို တကယ် ချစ်မိသွားပြီ”
နောက်ကျောက ထိုးတာပဲကွယ်
တစ်ချက်ဆိုလုံလောက်ပါတယ်
အခုတော့ ချက်ကောင်းတည့်တည့်ကို နှစ်ချက်။
နည်းနည်းလေး ယုံကြည်ပေးပါ…..ဆို
ငါ့သံသယမှန်ကြောင်း ပြတဲ့နည်းက
ကြမ်းလှချည်ရဲ့
ဒါနဲ့တောင်
ဘယ်လို မျက်နှာပြောင်ရမှန်းမသိလို့
ကျလာတဲ့ မျက်ရည်တစ်စက်
ငါ့အတွက်လို့ ဇွတ်ယုံနေမိသေးတယ်။
အချစ်ဆိုတာ
သစ္စာကို အုတ်ရိုးခံပြီးမှ
ဆောက်ရတဲ့အိမ်ပါ
သူတပါး မျက်ရည်နဲ့ ဆောက်တဲ့ အိမ်မှာ
အဲဒီကောင်ပျော်တာလည်း ဆန်းတယ်။
နင့်လူကို
လမ်းကြုံရင်တော့ မေးကြည့်ချင်တယ်
“သူတပါးကို သစ္စာဖောက်ပြီး
ကိုယ့်ဆီရောက်လာတဲ့ မိန်းမတစ်ယောက်ဆီက
ဘာများမျှော်လင့်ထားပါသလဲ”…..လို့။
Comment #3
အချစ်ဆိုတာ
သစ္စာကို အုတ်ရိုးခံပြီးမှ
ဆောက်ရတဲ့အိမ်ပါ
သူတပါး မျက်ရည်နဲ့ ဆောက်တဲ့ အိမ်မှာ
အဲဒီကောင်ပျော်တာလည်း ဆန်းတယ်။
နင့်လူကို
လမ်းကြုံရင်တော့ မေးကြည့်ချင်တယ်
“သူတပါးကို သစ္စာဖောက်ပြီး
ကိုယ့်ဆီရောက်လာတဲ့ မိန်းမတစ်ယောက်ဆီက
ဘာများမျှော်လင့်ထားပါသလဲ”…..လို့။
By: နွေ at Mar 5, 2013
Comment #4
………..
ဒဲ့ ပဲ ကိုမော်နီ
နှစ်သက်လွန်း၏
လေးစားလျက်ပါ
By: အသဲကွဲ မိုး at Mar 5, 2013
Comment #5
wow
get lots of knowledges.
thz so much.
By: ei lay at Mar 5, 2013
Comment #8
အရမ်းကို စကားလုံးတွေ သုံးထားတာကြိုက်ပါသည် ..ရှယ်သွားပါတယ်အကို
By: ap at Mar 25, 2013
Comment #9
ကြိုက်တယ်ဗျာ
By: phyo aung at Feb 20, 2015




Comment #1
စကားလုံးတွေကို ခိုက်မိတယ်…