Professional Authors

နေ့တစ်နေ့ ရွတ်ဖတ်ခြင်း စကားလုံးရောင်ပြန်

 

နေ့တစ်နေ့ ရွတ်ဖတ်ခြင်း စကားလုံးရောင်ပြန်

 

မေ့ပစ်ဖို့ မေ့ပစ်ချင်တာတစ်ခု မေ့ပစ်ဖို့လိုမလား

သနားတယ်ဆိုစကား ကိုယ့်ပစ်မှတ် ရင်တည့်တည့်

အရာရာဟာ တကယ်တော့ ပွန်းထိတာတောင် နာကျင်မိတာပါ တကယ်

စက္ကန့်တံတရွေ့ရွေ့ တွားသွားမှုကြား နာမည်တောင် တည့်တည့်မခေါ်ဝံ့ ဇာတ်ရုပ်

 

လာလာလေ မျှော်ကြရအောင် ပျော်ချင်တာ အရူးအမူး

လေအလာပင်ပန်းခဲ့ သက်ရှိတစ်စွန်းတစ်စ မတွက်မိ မျက်မြင်

ရိုးရိုးသားသား မင်္ဂလာစကား ဘယ်ချည်တိုင်ပေါ် တုတ်နှောင်ထားပါလိမ့်

မိုးသည်းသည်းမည်းမည်း ရွာသွန်းမှု၌ ၀မ်းနည်းပတ်လက်ငိုကြွေးသံသည်

မိုးရေရောနှော စီမျောသံသရာ အဓိပ္ပာယ်ယိုစိမ့် အဖြစ်သနစ်

 

ဟိုရှေ့က ခပ်လောလောလမ်းလျောက်လာတဲ့ လူတစ်ယောက်

အဓိက စကားတစ်ခွန်းပါလိမ့်မယ်။

သူမနက်စာ စားရောစားသောက်ပြီးပါ့မလား မေးရအုံးမယ်

အစစ်အမှန် လက်တွေ့ပြချက် သာဓကမေးခွန်း ရေစုန်မှာလား ရေဆန်မှာလား

 

စက်ဘီးအိုတစ်စီးနဲ့ ထမင်းနှစ်နပ်စားသောက်မယ့် နေ့တစ်နေ့လည်း

သူ့ဂုဏ်သိက္ခာနဲ့သူ ဘ၀စစ်စစ်တစ်ခုက အစစ်အမှန်ဖြတ်သန်းခွင့်ပြုတယ်

 

အရာရာဟာ အပ်ချည်ကြိုးမျှင်တစ်စလို ချိန်ခါမရွေး ပြတ်တောက်နိုင်တယ်

သင်္ခါရလက်ထိပ်က အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နိုးကြားခဲ့တယ် ထင်ပါ့။

 

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ လက်စုံမိုး၍ ရိုသေစွာ ရှိခိုးကန်တော့ပါ၏။

ညအိပ်ရာဝင်  သံဝေဂ အမြိုက်တရား ရင်၌ကိန်းစဉ်

ဟိုဘက်အိမ်က အူဝဲသံစဉ် ခပ်စွာစွာ မွေးဖွားလိုက်ချိန်

ဒုက္ခ၊ သုက္ခ ခြေရာပေါင်းစုံ ဗွေထပ်မှုထဲ ဗွေပေါက်မယ့် ခြေရာတစ်စုံ အလည်လာမယ့်

လက္ခဏာဖြစ်နိုင်ခြေ ရှိတယ်ဆိုရမလား … ။

 

ကလင့်(မန္တလေး)

အဇ္ဈတ္တအယ်လဘမ် ကဗျာစာအုပ်ပေါင်းချုပ်မှထုတ်နုတ်သည်

 

 

In: ကဗျာ Posted By: Date: Sep 16, 2011
Comment #1

ဖတ်သွားပါတယ်…………

commentinfo By: May Kha at Sep 16, 2011
Comment #2

အရာရာဟာ အပ်ချည်ကြိုးမျှင်တစ်စလို ချိန်ခါမရွေး ပြတ်တောက်နိုင်တယ်

သင်္ခါရလက်ထိပ်က အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နိုးကြားခဲ့တယ် ထင်ပါ့။

ဟုတ်တယ်…..အဲလိုပဲဗျ
အားပေးသွားပါတယ်…။

commentinfo By: ကေသရီ at Sep 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment