Professional Authors

အဝါရောင်အိမ်မက်

မနေ့က…………….
အဝါရောင်အိမ်မက်တခုနဲ့ငါအတူရှိခဲ့

လေညင်းလေးရယ်
အမှန်တော့ငါက
နှင်းဆီနီနီလေးဖြစ်ချင်ခဲ့တာပေါ့
တကယ်တမ်းကျ
ဆူးချက်ဖြစ်သွားတယ်
ဒါဟာကံတရားတခုပါ
ငါမမှားခဲ့ပါဘူး

ကြယ်ပျလေးရယ်
အမှန်တော့ငါက
အမြဲတမ်းလွဲခဲ့ရသူပါ
ခံစားမှုတစုံတရာကြောင့်
အရာအားလုံးတိမ်းစောင်းသွားခဲ့မယ်ဆို
လျော်ကြေးအဖြစ်ငါ့ကိုစီရင်ပါ

နှင်းစက်လေးရေ
ငါကိုးကွယ်တဲ့အမှန်တရားက
တချို့လူတွေအတွက်
အဝင်ဆိုးမယ်ဆို
ငါ့အတွက်တော့အရသာပဲပေါ့

ဒီနေ့တက်ထိ…………..
အိမ်မက်တွေအဝါရောင်သန်းနေတုန်းပဲ။။။

အမရာ

In: ကဗျာ Posted By: Date: Jun 20, 2010
Comment #1

ငါကိုးကွယ်တဲ့အမှန်တရားက
တချို့လူတွေအတွက်
အဝင်ဆိုးမယ်ဆို
ငါ့အတွက်တော့အရသာပဲပေါ့ (Like that words)

Comment #2

အ၀ါရောင်ကို ခံစားလျက်……..
ချစ်ခင်စွာ
johnmoeeain

commentinfo By: John Moe Eain at Aug 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment