Professional Authors

ကြယ်အပြာများ

ရှင်ဟာလေ…
ချစ်တယ် ဆိုတာလောက် ဘယ်စကားလုံးကမှ မညစ်ညမ်းဘူး
စားပွဲပေါ်တင်ထားတဲ့ ပန်းအိုးတွေ
သူတို့ဘာသာသူတို့ ကြေကွဲပြတ်ရှသွားတယ်
ပန်းတွေကတော့ သွေးရူးသွေးတန်းပွင့်နေတုန်းပဲ
ငါလည်း သီချင်းတစ်ပုဒ်တည်းမှာပဲ ခဏခဏ နေထိုင်မိတယ်
ကောင်းကင်အကြွေတွေဟာ နက်မှောင်ဆွတ်ပျံ့စွာ ညည်းညူနေကြတယ်
ဦးတည်ရာမဲ့ ၀ါကျတွေကို စုစည်းလိုက်တဲ့အခါ
ငါဟာ တွေးခေါ်နေမိပါရဲ့
ဘာရည်ရွယ်ချက်နဲ့လဲ အချစ်
ရက်စက်တဲ့ စကားလုံးတွေ သည်းသည်းမည်းမည်းရွာတဲ့မိုးကို
ထိုင်ငေးနေတဲ့ ညနေခင်းအပြာဟာ နေ၀င်သွားပြန်တယ်
ငါဟာ ကြောင်လေးတစ်ကောင်လို
နာကျင်မှုကို ပွတ်သီးပွတ်သပ်နဲ့ အရောတ၀င်နေမိတယ်
ပြီးတော့လည်း
သူ့အရေပြားထဲကနေ သွေးတွေပန်းထွက်လာတဲ့အထိ
ငါ ကုတ်ခြစ်ပစ်လိုက်ပါတယ်

In: ကဗျာ Posted By: Date: Jan 28, 2018

Leave Comments

Name*

Email*
Website
Email me whenever there is new comment