Professional Authors

ပုံတူ


ကိုယ့်မျက်လုံးထဲ ပြန်ကြည့်လိုက်တိုင်း
သားရဲတိရစ္ဆာန်တစ်ကောင်ရဲ့ ရိုးသားမှုမျိုးကိုတွေ့တယ်
အချစ်ရယ်
ပျော်ရွှင်မှုကို မယုယနိုင်တဲ့ လက်ရယ်
ဆေးလိပ်မီးပေါက်ကျထားတဲ့ ဘ၀ရယ်
လောကရဲ့အမှောင်မိုက်ဆုံးတိမ်တွေမှာ ငွေ့ရည်ဖွဲ့ခဲ့တယ်
ဘယ်သူ့ကိုမှ ယုံဖို့ရာမတတ်နိုင်တဲ့ ည ရေ
နေမြင့်ရင် ပန်းတွေပွင့်လိမ့်မယ်
ကွာကျနေတဲ့ နံရံတွေလည်း
သူတို့ကိုယ်သူတို့ ဖာထေးဖို့ ပြင်ဆင်တတ်လာမယ်
အခုတော့ …
တစ်သက်လုံး ပေကျံထားတဲ့ အ၀တ်အစားနဲ့
အဖြူရောင်သုတ်ထားတဲ့လမ်းတွေပေါ်
လျှံကျနေတဲ့စိတ်ကို လိုက်ကောက်ရဦးမယ်
In: ကဗျာ Posted By: Date: Jan 22, 2018

Leave Comments

Name*

Email*
Website
Email me whenever there is new comment