Professional Authors

ခေတ်ဟောင်းတေး

စစ်အတွင်းက ခေတ်ဟောင်းတေး
သမားရိုးကျမဆန်လိုသူ အိပ်မက်
ငါ့အသံကိုဖွင့်တာ ၂၁နှစ်ပြည့်ခဲ့ပေါ့
အရင်ဘ၀က ဒုက္ခိတ ပန်းချီဆရာလေ
အခုထိ ပြန်ရှင်မလာ
တိမ်တိုက်များ သေရာပါခဲ့တယ်
ငါ့ကိုကြောက်ရွံ့နေရောပေါ့ အချစ်
ကိုယ့်အသက်ကိုယ်
ဆေးသားရောင်စုံတွေနဲ့
အလောင်းအစားလုပ်ကြသူတွေထဲ ငါမပါ
ပြောင်းပြန်စီးတဲ့မြစ်
ခေတ်ပေါ်ကဗျာကို မီးလိုလောင်တော့ ငါမပါ
ငါဟာ ကိုနှင်းနွယ်မဟုတ်လို့ ငါဖြစ်ခဲ့တယ်
မန္တလေးမှာ
ရူးနေတဲ့ကမ္ဘာ
ဘာသာစကားဟာ ဟော်မုန်းပြောင်းလဲသွားတဲ့သစ်ပင်တစ်ပင်ဖြစ်ပြီး
ရင်သားတွေထွက်လာတယ်လို့ စိတ်ကူးတော့
‘ရှင်ဟာ အလကားကောင်ပဲ’ တဲ့
ငါမှတ်မိနေသေးတယ်
‘တစ်ယောက်ကိုတစ်ယောက် ပေကျံကြရအောင်လေ’
၂၁နှစ်လုံးလုံး
လူအဖြစ်ကို ကျရှုံးပြီးသား
မမ
ငါ့နေကြာခင်းများဆီက ထွက်ခွာ
တစ်ခြားတစ်ယောက်ရဲ့ နေရောင်အောက်မှာ
သူ ဝေဆာခဲ့တာပေါ့

In: ကဗျာ Posted By: Date: Dec 18, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment