Professional Authors

တခဏတာ

အ‌‌‌ဝေးကို ကြည့်လို့ ခရီးကို လျှောက်ရသတဲ့
ဒါပေမဲ့
ငါတို့တွေဟာ 
မျက်စိရှေ့ကလမ်းကိုသာ မ၀ံ့မရဲ လျှောက်ခဲ့တာမလား
သံယောဇဉ်ဆိုတာ
တဖြုတ်ဖြုတ်ကြွေတတ်သလား
တရစ်ပြီး တရစ် ချည်တတ်သလား
မေးခွန်းထုတ်ပြီး အ‌ဖြေမရှာဖြစ်ခဲ့ဘူး
ခဏတာ အမြဲမဟုတ်ခြင်းတွေနဲ့
မှတ်တိုင်တခုမှာ ဆုံတွေ့မိခဲ့သလိုမျိုး
တယောက်ထဲလာ တယောက်ထဲကျန်မယ့် ဇာတ်မျိုး
တနေ့နေ့ဆိုတာပဲ သိပြီး
ဘာစကားမှ မဆိုဖြစ်အောင် 
အမေ့ခံထားတဲ့ အဆုံးသတ်တခုနဲ့ ဘ၀မျိုးပေါ့
In: ကဗျာ Posted By: Date: Nov 8, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment