Professional Authors

တစ်ကိုယ်လုံး ပျင်းရိငြီးငွေ့ပြီး မနက်ကတည်းက မျက်စိနှစ်လုံးပွင့်တာနဲ့ ငါသေတာပဲ

အိပ်မက်ထဲက ငါဟာ ‘တစ်ကိုယ်လုံး ပျင်းရိငြီးငွေ့ပြီး မနက်ကတည်းက မျက်စိနှစ်လုံးပွင့်တာနဲ့ ငါသေတာပဲ’ ငါ့ကိုရယ်နေတယ်
ခုတင်ပေါ်မှာ ငါမပျော်ဘူးလို့ ဓားနဲ့ထွင်းလိုက်တယ်
အဲဒီမှာ ငါသေတာပဲ
မျက်စိနှစ်လုံးဖွင့်တာနဲ့ ငါသေတာပဲ
စိတ်အတွင်းသွေးယိုစီးမှုကနေ
စိတ်မပါဘူး၊ စိတ်မပျော်ဘူး၊ စိတ်ထဲမကောင်းဘူးအထိ
တစ်ခုခုတည်ဆောက်မယ်ကြံတိုင်းအကုန်လုံးပြိုပျက်သွားရတာပဲ ဆိုပြီး ငါသေသွားတယ်
ငါပြန်ရှင်လာတဲ့အခါ
လီလီပန်းတွေလို ငါ သေတာပဲ
ငါ့စိတ်မှာ ငါသေတာပဲကောင်းတယ် ကို တက်တူးထိုးပြီး
ငါ့အခန်းနံရံမှာ ငါသေနေတဲ့ ဓာတ်ပုံတွေ ကပ်ထားတယ်
ငါသေတာပဲ
ငါ့အဆုတ်ကရေတွေ ငါ့ကိုမွန်းပြီး
ငါ့အသည်းဟာ ငါ့အပေါ် ယောင်ကိုင်းလို့
ငါသေတာပဲ
ကော်ဖီခွက်ထဲမှာ ငါ့ ဆံပင်တွေတွေ့တယ်
နေရာအနှံ့အပြားရွာနေတဲ့မိုးဟာ ငါ့အရှုပ်အထွေးတွေချည်းပဲ
ငါသေတာပဲ
အိပ်မက်ထဲကငါဟာ သေနေတဲ့ ငါ ကို အပေါ်စီးကကြည့်ပြီး ရယ်နေတယ်
ငါ့ကဗျာတွေ အဖြစ်မရှိဘူးလို့ တစ်ယောက်က အော်ပြောသွားတယ်
ငါသေတာပဲ
မျက်စိနှစ်လုံးပွင့်တာနဲ့
နှစ်ဆယ့်လေးနာရီ၊ ရက်သတ္တပတ်၊ ငါတွေးခေါ်ခေါင်ခိုက်တဲ့ကမ္ဘာ
ငါသေတာပဲ

In: ကဗျာ Posted By: Date: Jul 30, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment