Professional Authors

ချောက်

ဒီချောက် ကမ်းပါးပေါ့
ခဏခဏ ခုန်ကူး ရင်း
အမြဲ အလှမ်းမမီတဲ့ တဖက်ကမ်းလေ..။ 
စိတ်အနာတွေသာ အထပ်ထပ်ရ 
ငါဟာ မင်းအတွက် 
ဘာမှမဟုတ်တဲ့ကောင် မဟုတ်ဘူး လေ လို့
မချိတင်ကဲ အော်ဟစ်ရင်း
ပြုတ်ကျခဲ့တဲ့ ချောက်နက်နက် တခု၊
တော်ပါပြီ
ပင်လယ်ပြင်ဆီ 
ဟောဟိုကပုလင်းလေးတွေထဲ
အိပ်မက်တွေရေးရင်း မျောရင်း လွှင့်လာခဲ့တာ
ငါးတွေတောင် မလူးမလွင့်သာတော့ဘူးလေ။
မဖြစ်နိုင်ခြင်းကိုပဲ မက်ခဲ့တဲ့ ဘ၀တွေမှာ
ရှင်သန်နိုင်ခြင်းက ဈေးမတန်တဆ ကြီးတယ်။
In: ကဗျာ Posted By: Date: Apr 24, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment