Professional Authors

အကျင့်


စကာာလုံးတွေ ဝေးလိုက် နီးလိုက်နဲ့
အတိတ်ကို မီးမြိုက်တတ်တဲ့ နှစ်လွှာနှစ်ခမ်း
အခုတော့…
ကမ္ဘာတစ်ခြမ်းမှာ
ပြာနှမ်းပျောက်ရှ
”အပျော်ပါ”ဆိုတဲ့ အနောက်အစလေးနဲ့
ငါ့ကို ‘တောက်’ချလိုက်တယ်။

ကိုယ့်ကိုယ်ကို မယုံကြည်ချင်တော့လောက်အောင်
သူမရဲ့ မျက်ဝန်းညိုတွေကို ယုံကြည် ရူးသွပ်
ပါးလွှာ ထက်မြ အပြုံးတွေရဲ့ ခြွေချ ခူးဆွတ်မှုမှာ
ငါ့..မာနတွေ မြေခ ဒူးညွှတ်ခဲ့ရပေါ့။

မနာကျင်ရရင် မနေနိုင်လောက်အောင်
အခြေမခိုင်တော့တဲ့ ရင်ဘတ်
‘လွမ်း’သံကြားတိုင်း မျက်ရည်ဝေ့တတ်လို့
……….သူ့ကိုသတိရရင်
မျက်တောင်ပဲ ခတ်နေရတော့တယ်။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

Ei ka dot ta ti ya yin,,,
1.myit tar poh Su taung pay de.
2.Tate Tate lae NGO de.
3.eat a lot.
4.go out alone or lock in the room.
5.do much ex.

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment