Professional Authors

အရေးအသား

အတွဲအစပ်တွေ
မရောက်ရှိသေးတဲ့စကားလုံးတွေဟာလည်း စိတ္တဇ ပါပဲ
ဆေးလိပ်လို မီးပွင့် ပြီး
ဆေးလိပ်လို လောင်ကျွမ်းရမှာပေါ့
ဘာကိုမှ မရသေးဘဲ ငါဖြာကျနေ
လူလို
အရောင်လို
တစ်ခုခုဆို ငါမီးပိတ်လိုက်တဲ့ အခန်းတွေ
တစ်ခုခုဆို ငါ ဖျောက်ပစ်လိုက်တဲ့ အသံတွေ
ဂျွန်ကပြောတယ်
ငါ့အသက်ထဲကနေ ငါ့ကို ဆွဲထုတ်ပေးပါ တဲ့
ကယ်ဗင်ကပြောတယ်၊ တစ်ကမ္ဘာလုံးကလည်းပြောတယ်
ငါပစ်ချလိုက်တဲ့ ဘ၀ဟာ ငါ့ကို ပြာကျလို့
ငါမှောင်ထားတဲ့ညတွေ ငါ့ဆီ ဦးတည်လာ
ငါရောက်နေပြီ အချစ်ရေ၊ မင်းဘယ်မှာလဲ
ငါ့အမှားတွေမှာ အပြစ်မရှိပါဘူးကွယ်
ငါ့လျှာထဲကအဆိပ်တွေ ငါ ကိုက်ဖြတ်ပစ်လိုက်တယ်

In: ကဗျာ Posted By: Date: Apr 18, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment