Professional Authors

မှန်ထဲကငါဟာ အစိတ်စိတ်အမွှာမွှာဖြစ်တယ်

အပိုအလျှံတွေ
အမှားတွေ
အမှောင်မှာ ဓားတစ်ချောင်းလို စိုက်ဝင်နေတဲ့ မျက်လုံးတွေ
ဘ၀ဟာ ဒါပါပဲ ညီမလေး
ဆေးလိပ်တစ်လိပ်လို ပေါ့ပျက်လို့
အတောင်ပံများ
ငါက နာနေတဲ့ ကျီးကန်းပါ
စိတ်ဟာ အကြိမ်ကြိမ် ထိုးကျပျက်စီးလို့
စိတ်ဟာ အကြိမ်ကြိမ် သွေးထွက်သံယို စုတ်ပြတ်လို့
ဒိုင်ယာရီ၊ တမျှော်တခေါ်နဲ့ ဘယ်ကိုမှမရောက်တဲ့ လမ်းတွေ
အသက်လို၊ သွေးလို၊ အထိအခိုက်မခံနိုင်အောင် နာကျင်တဲ့ ရက်တွေ
နာနေတဲ့စကားလုံးတွေဟာ ငါ့စိတ်ကို ရှပြီး
ပါးစပ်ထဲကနေ အကောင်းအတိုင်းပြန်ထွက်လာတယ်
ဖျားနေတဲ့ အသံဟာ ကောင်းကင်ပေါ်ခုန်ချပြီး
ငါ့ကို မီးညှိလိုက်တယ်
မင်္ဂလာပါ ညီမလေး
မှန်ထဲက ငါဟာ အစိတ်စိတ်အမွှာမွှာဖြစ်တယ်…။

In: ကဗျာ Posted By: Date: Apr 11, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment