Professional Authors

ပိုးကောင်တွေနဲ့ ကမ္ဘာ


အစာအိမ်မှာ သွားစွယ်ထက်ထက်တွေ ပေါက်နေတယ်
ဦးနှောက်ထဲ
အရသာ တစ်မျိုးမဟုတ် တစ်မျိုး လောင်းထည့်ပေးနေရတယ်
အသွေးအသားတွေ ဆာလောင်လွန်းလှတဲ့ ခန္ဓာမှာ
စိတ်ဟာ
အလင်းအမှောင်ကြားထဲက အရောင်စုံ ပန်းချီ
တရားမရနိုင်သေးတဲ့ သံဝေဂ ဂီတ
လည်ပင်းကြိုးကွင်းစွပ်ထားတဲ့ ချာလှည်ပတ်ရမ်း ကဗျာ
ငါတို့ စွမ်းအင်တွေ ငါတို့ချကျွေးထားရတယ်
ငါ့တို့အိမ်မက်ကို ငါတို့ အလုပ်ကျွေးပြုနေရတယ်
ငါတို့ ပင့်ကူအိမ်ထဲ
ငါတို့ကပဲ အစားခံနေရဆဲ
ငါတို့ ဝဋ်ဟာ ဒါပဲ
.
.
ငါတို့ဟာ ကမ္ဘာမြေရဲ့ ထိခိုက်ရှနာ သွေးသံရဲရဲ ဒဏ်ရာ
အနာတွေပေါ်မှာ
စုန်းပြူး
In: ကဗျာ Posted By: Date: Mar 3, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment