Professional Authors

အမှတ်တမဲ့မှ အမှတ်တရသို့

နှလုံးသား တစ်ခု
အလွမ်းသဲ့သဲ့ ကဗျာတွေရေးတယ်
ခံစားချက်၊ နှလုံးသွေးတို့နဲ့ ရင်းရတယ်
မုန်းနေအောင် လွမ်းရတယ်
နင့်နေအောင် ဆွေးရတယ်
ဒီရေနဲ့ လက်တံ တချို့ကို ကျော်ပြီး
နှလုံးသား တည်ငြိမ်ခါမှ
အလွမ်းသံစဉ် ပြန်တီးခတ်
ခပ်ညံညံနှလုံးသားမဟုတ်ပေမယ့်
ခပ်မာမာနှလုံးသားတစ်ခုမဟုတ်တော့
လေတွေတိုက်တိုင်း
New Feeds တွေ့တိုင်း
နှလုံးသွေးတွေပြန်လည်နိုးထလာချေပြီ
အရင်ကလိုမဟုတ်ပေမယ့်
အရင်ထက်ပိုတဲ့ သံယောစဉ်
အရင်လိုမနူးညံတော့ပေမယ့်
ပိုတည်ငြိမ်တဲ့အချစ်တွေနဲ့
မြတ်နိုးခြင်း
တွယ်တာခြင်း
သံယောဇဉ်ကြီးခြင်းများဖြင့်
မင့်ကို ငါ ချစ်နေပါ၏…….။

In: ကဗျာ Posted By: Date: Feb 14, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment