Professional Authors

အချစ်စစ်ဆိုတာ

တစ်နေ့သုံးမျိုးပြောင်းတဲ့
သုံးပန်လှပန်းလိုမဟုတ်ဘူး

ခဏခဏပွင့်တတ်တဲ့
ဂျပန်ပိတောက်လို မဟုတ်ဘူး

ခဏပေါ်ပြီး ပျောက်တဲ့
သက်တံလိုလည်းမဟုတ်ဘူး

ခုမှ ပွင့်လာတဲ့
ခါတော်မီပန်းလည်းမဟုတ်ဘူး

တက်လိုက် ကျလိုက်
ဒီရေလိုလည်း မဟုတ်ဘူး

ယိမ်းလိုက်တိမ်းလိုက်
ပန်းပြားပင်လို မဟုတ်ဘူး

စိမ်းလိုက်ဝါလိုက်
သစ်ရွက်လိုမဟုတ်ဘူး

အချစ်စစ်ဆိုတာ….
မြေအောက်ကရုပ်ကြွင်းပရိုင်းမိတ်လိုမျိုး
အနှစ်နှစ် အလလ ကာလ
ကြာမြင့်စွာရှိနေတတ်ပါတယ်….
◦.¸¸. ◦✿YNL

In: ကဗျာ Posted By: Date: Feb 4, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment