Professional Authors

ပေးဆပ်ခြင်း

မြင်မြင်ခြင်း ချစ်မိခဲ့တဲ့

ကာရံမညီသော ရင်ခုန်သံဟာ

ငါ့အတွက် မျက်ရည်ကျဖို့ အဖွင့်တေးသွာလား … ?

Tampo မြန်လွန်းပါတယ် ချစ်သူ …..

ငါ –

နင့်ကို ဘယ်လောက်ထိ ချစ်လဲ … ဆိုတာ

-ငါကိုယ်တိုင်မသိသော

-နင် နားမလည်နိုင်သော

-မေးခွန်းနဲ့တူသော

ငါ့ရင်ထဲက အချစ်ရဲ့ပမာဏပါ …..

ချစ်လွန်းလို့

ရှေ့ရေးကို မင်းအတွက်တွေးပြီး

ချစ်တယ်လို့တောင် ဖွင့်ဟပြောမထွက်ခဲ့သူပါ …..

နင် –

တကယ်မသိဘူးနော် …

လဆန်း-လပြည့်-လကွယ်-

ဘယ်နေ့ညကများ

အထီးကျန် လွမ်းဆွတ်မှုနဲ့ ကင်းလွတ်ခွင့်ရခဲ့သလဲ … လို့

သန်းခေါင်ယံညရဲ့လမ်းပေါ်

အငိုတိတ်တော့မှ ကိုယ့်ကိုယ်ကို ပြန်းမေးမိတယ်

ဘဝတစ်ခုလုံး ပုံအောခဲ့ပြီးပြီပဲ ….

( ဘာ့ကြောင့်များ )

စက္ကန့်နဲ့အမျှ အရစ်ကျ ပေးဆပ်ချင်နေသေးရတာလဲ ….. ?
\"\"◦.¸¸. ◦✿YNL

In: ကဗျာ Posted By: Date: Feb 4, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment