Professional Authors

ငတိမလေး .. သို့

တချိန်ချိန်တော့
အတ္တစစ်စစ်တွေ အကြောင်း
မင်းကို တခုတ်တရပြောပြချင်သေးတယ်
မလိုအပ္တဲ့စြန့်စားမှုဆိုတာ
ဘယ်လောက်ရူးကြောင်ကြောင်နိုင်လဲ
တနေ့တော့ မင်းနားလည်လာလိမ့်မယ်
ပေါက်ကွဲပြခြင်းထက် ချုပ်ထိန်းလိုက်ရခြင်းက
ဘယ်လောက် ခက်ခဲသလဲ 
တချိန်ချိန် မင်း သိလာမယ်
မင်းပျော်ရွှင်မှုဟာ ငါ့အတွက် တခုတည်းသော ကျေနပ်မှုမျိုးလို့ 
မင်းနားလည်မှာ မဟုတ်ဘူး
မင်း လှောင်ပြုံးပြုံးနေနိုင်တယ်
ဒါကြောင့် မင်းနဲ့ငါ
အတ္တစစ်စစ်တွေအကြောင်း ဆွေးနွေးရဦးမယ်
In: ကဗျာ Posted By: Date: Jan 19, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment