Professional Authors

ခြင်လိုလူတွေ …

စားရကာမှ ပိုပို ငတ်တဲ့ကလေးလို …
ချမ်းသာကာမှ ပိုပို ပိုက်ဆံမက်ကြတယ် …
ဂုတ်သွေးလေး မှ သိပ်ချိုတယ်ပေါ့ …
စုပ်စမ်းပါ … 
ငါ့ကိုယ် ငါ့သွေးလောဘစိတ်ကင်းလို့
သိပ်ကိုသန့်ရှင်းပါတယ် …
မသဒ္ဓါတဲ့ သူတစ်ပါးသွေးစက်တွေနဲ့မှ …
အသက်ဆက်နိုင်ကြ …
အသက်ရှုနိုင်ကြ …
အဲလိုလူတွေကို …
(ငါက)
ပိုင်ဆိုင်မှုသေးသေးလေးထဲက
သန့်ရှင်းတဲ့ သွေးစက်တွေ 
ကုသိုလ်တစ်ခုအဖြစ်လှုဒါန်းအမျှဝေ 
နောက်ဘ၀အတွက် သယ်သွားလိုက်မယ် ..
ဒီဘ၀မှာ အသက်ရှင်ဖို့ ကိုယ်တွေက 
အမှီအခိုမလိုအပ်ဘူးလေ …
.
# အသဲကျော် #
In: ကဗျာ Posted By: Date: Jun 27, 2016
Comment #1

🙂 🙂 🙂

commentinfo By: ​ကျော်​.အသဲဗိုက်ပူ မဲ at Jun 28, 2016
Comment #2

အသဲ ​ကျော့်​ ရယ် နင်​.ရုပ်​နဲ. နင်​.စိတ်​စေတနာက ​တော. ကွက်​ တိ ပဲ။ ကဗျာ ဖတ်​ ရင်း ရုပ်​ပါ မြင်​ ​ယောင်​ လာ တယ်​။ ​ အန်​ ချင်​စရာ ။ေ ဝါ. ​အော. ​အော. ။ ပတ်​သတ်​ ​နေ ရ တဲ.သူ ​တွေ ကို လဲ စာ နာ မိ တယ်​။

commentinfo By: ​ကျော်​.အသဲဗိုက်ပူ မဲ at Jul 2, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment