Professional Authors

သူမနှင့်အိပ်မက်

မနက်ခင်းဟာ အာရုံထက်စောပြီး ငါ့ဆီရောက်လာတယ်

သူမရဲ့ခြေသံသဲ့သဲ့နောက်မှာ နှင်းဆီပန်းတွေက ဆူးကင်းစင်လို့

ဥသြငှက်မောင်နှံ ပင်ယံမှာမြူးထူးနေကြ

သူမရဲ့လက်ထဲမှာ ပန်းသီးတစ်လုံး

ကောင်းကင်မှာ နေတစ်စင်း လတစ်စင်း

တိမ်တွေက သူမနောက်မှာ တကောက်ကောက်

ပျားပိတုန်းတွေက ပန်းခင်းတွေကို ဆက်သကြ

လိပ်ပြာတွေ ရစ်ဝဲနေတဲ့ခဏ

သက်တံရောင်လေပြေတွေထဲ

သူမပြေးဆော့ နေလေရဲ့. . .။

In: ကဗျာ Posted By: Date: Apr 30, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment