Professional Authors

မရယ်ရတဲ့ဟာသ

စိတ်တွေဘယ်လောက်လေးလဲဆို

ခေါင်းတောင်မတ်လို့မရအောင်ထိ …

ဘုတ်ခနဲ …

ဟော တစ်ခုခုပြုတ်ကျသွားတယ် …

ဘာများလဲလို့ …

အော် … ငါ့ စိတ်ဓါတ်တွေပဲ …

တစ်စဆီ ပြန့်ကျဲလို့ …

လိုက်ကောက်ဖို့တောင် …

အားဆေးအရင်သောက်ရမယ့်အဖြစ် !

ဘယ်တော့မှမရပ်တန့်ဖို့

လက်ကျန်အားနဲ့ ကျားကန်ထားတယ် …

ခြေထောက်ကသွားတော့နေပါရဲ့ …

ဦးတည်ချက်က နောက်ပြန်ကြီး …

.

(အသဲကျော်)

In: ကဗျာ Posted By: Date: Jun 11, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment