Professional Authors

လိုချင်တယ်(နာကြင်နေပေမယ့်)

   အလင်းရောင်ကို   နှစ်သက်တဲ့ပိုးဖလံ
မီးကိုတွေ့ တော့   တိုးဝင်တယ်
ပူလောင်နာကြင်ပေမယ့်လည်း အလင်းရောင်ကိုသူလိုချင်တယ်…..
   မင်းကိုသိပ်ချစ်တဲ့ငါ မင်းနဲ့ ပတ်သက်လို့
ဘယ်လောက်ပဲ ကြေကွဲဝမ်းနည်းစရာတွေရှိနေအုံးတော့
ဘယ်တော့မှ နောက်မဆုတ်ဘူး
ငါ့ဘဝတစ်ခုလုံးနဲ့  ပေးဆပ်တယ်
နာကြင်ပေမယ့်လည်း မင်းအချစ်ကိုလိုချင်တယ်…..
                                                                (Mzaw)
မှတ်ချက်။
(သူများတွေတော့ စာကဗျာတွေကို ဘယ်လိုရေးပြီးသီဖွဲ့ ဆိုဒါတော့Mzawမသိဘူး
Mzawကတော့ ကိုယ်တိုင်ရင်ထဲမှာခံစားနေရမှ ရေးလို့ ရတယ် ရင်တွင်းဖြစ်စာကဗျာပါ။
Mzaw ကဗျာတွေမရေးနိုင်တာကြာခဲ့ပြီ  ချစ်ရသူနဲ့ မျော်လင့်လို.မရတော့တဲ့စည်းခြားသွားကတည်းကပါပဲ
ကန်ရေပြင်ရေငြိမ်နေပါပြီ နောက်ထက်မရေးနိုင်ခင်မှာ ဒီကဗျာလေးက Mzawရဲ့အဟောင်းတွေထဲကပါ။
ရေးပြီးသားအဟောင်းတွေ ရှိနေသေးတယ် ဆက်လက်ပြီးအားပေကြပါဦးနော်။)

In: ကဗျာ,Others Posted By: Date: Nov 29, 2012
Comment #1

Hin,,,,
🙁
How a yin Done ka pop.
Dar so yin ,,,,a khu hote dot bu pop.
🙁

commentinfo By: ei lay at Nov 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment