Professional Authors

ငါ့သမီးလေးဟာ အသက် ၉နှစ်ပဲရှိတယ်၊ ဂျွန်ဒိုး

ငါ့သမီးလေးဟာ အသက် ၉နှစ်ပဲရှိတယ်၊ ဂျွန်ဒိုး
မျက်လုံးတွေမှိတ်ထားပြီး
ဘာမှ မမြင်၊ မကြားရတော့ဘူးဆိုရင်
ငါက သမီးလေးဆီရောက် ရောက်သွားတယ်
ကမ္ဘာကြီးမှာ နှုတ်ခမ်းချင်းဖလှယ်တာတွေ များလာပြီး
ငါတို့မှာ အသုံးမကျသေးလို့
ငါတို့ဟာ ဂျွန်ဒိုးတွေဖြစ်ပြီး
တရားဥပဒေ ဘယ်ကိုမှမရောက်ဘဲ
ကလေးမလေးကို၊
လိုက်လာတဲ့
ငါတို့ ဟာ ဂျွန်ဒိုးတွေဖြစ်ပြီး
လမ်းပေါ်မှာ အ၀တ်မဲ့ ငိုယိုနေတဲ့ရှက်စိတ်ဟာ
သွေးရူးသွေးတန်း၊
ခေါင်းကို ရိုက်ခွဲတတ်တဲ့
ငါတို့ဟာ ဂျွန်ဒိုးတွေဖြစ်ပြီး
တစ်ကိုက်မှမကိုက်ရသေးတဲ့ ပန်းသီးဟာ အဆိပ်ပဲ
ငါတို့ခြေလှမ်းမှန်သမျှဟာ စိုက်ဝင်ပစ်ဖို့ပဲ
သိနေ၊ မြင်နေသမျှဟာ ညတွေပဲမို့လို့
ငါက ဘုရားသခင်ကို ပြောရင်
ဂျွန်ဒိုးဟာ အတိုင်းအတာတစ်ခုထိ မှန်တယ်
လူတွေကို ကယ်ဖို့ လူတွေကို သတ်ရတယ်

In: ကဗျာ Posted By: Date: May 26, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment