Professional Authors

လွင့်နေတဲ့လမ်းတွေလို လမ်းပေါ်မှာလွင့်ပြီး

—–လွင့်နေတဲ့လမ်းတွေလို လမ်းပေါ်မှာလွင့်ပြီး—–

လွင့်နေတဲ့လမ်းတွေလို လမ်းပေါ်မှာလွင့်ပြီး
မမ
မင်းကို ငါ သိပ်ချစ်တာပဲ
ငါတို့မှာမပြတ်တဲ့စကားလုံးတွေလို
အသေချည်နှောင်ပြီး
နေ့တွေမှာ မျက်လုံးထဲက ဓားတွေကို မြင်လို့
ညတွေမှာ လုံခြုံကြလို့
ငါတို့ရဲ့ ကော်ဖီရောင်ဝမ်းဆက်မှာ
တစ်ယောက်ကိုတစ်ယောက် ပေကျံလို့
လွင့်နေတဲ့လမ်းတွေလို လမ်းပေါ်မှာလွင့်ပြီး
ငါတို့မှာ အမှားတွေ၊
သွင်းထားတဲ့ အသံတွေကို အရောင်လက်လို့
ထွေးထားတဲ့ သွေးတွေကို ယိုစီးလို့
လွင့်နေတဲ့လမ်းတွေလို ငါတို့မှာ လွင့်ပြီး
သွေးထားတဲ့အပြုံးမှာ အသံတွေတိတ်ပြီး…။

In: ကဗျာ Posted By: Date: May 21, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment