Professional Authors

သွေးနှင်းဆီ

> ​သွေးနှင်းဆီ<
>>>><<<<
ဘယ်သူ့ဘယ်သူ
အတူယှဉ်မလဲ
ရင်ထဲလှောင်ပိတ်
အိပ်မက်ခြေရာ
စေတနာစိတ်
ပျံ့လွင့်ဖိတ်ယို
ပိုသည်ဟု ဆိုမလား…

မုသားမခြွေ
ရင်မှာကြွေသော
အချစ်ရောစပ်
ပန်းတစ်ခက်လေ
နွေနေထိတိုင်း 
ထုံထိုင်းမောလျ
သောကတစ်ဆစ်
အလွမ်းနှစ်​ရှည်….

မေရေ….
ယုံပါစေလို့
မ၀ံ့မရဲ
သြော်..ရင်ထဲက
အသဲစကား
နှုတ်ဖျားခက်၍
ရှာမတွေ့အုံးတော့
နှလုံးသွေးစု
သူ့အဖို့ရည်
နှင်းဆီနီနီ ပွင့်နိုင်၏ …။  ။

#လူလေး(အညာမြေ)

In: ကဗျာ Posted By: Date: May 4, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment