Professional Authors

နွေဦး

နှင်းမြူ ပါးလျှသွားတဲ့
အာရုံတက်မနက်ဟာ
ဝေလီဝေလင်း

မျက်လုံးစုံမှိတ်ပြီး
ကောင်းကင်တစ်ခင်းလုံးကို
ညှစ်ချလိုက်တော့
အချိုးအစစ်က တစ်ကျွတ်ကျွတ်မြည်ရင်း
ဖြောင့်တန်းစွာ မပျံသန်းနိုင်သော
အတောင်ပံတစ်စုံ

ခုနွေဦးမနက်တွေကို
ဘယ်ပုံဘယ်နည်းနဲ့ ပြာမလဲ
ကောင်းကင် .. .
တိမ်တွေရွှေလို
ဝါလဲ့နေ ။

In: ကဗျာ Posted By: Date: Feb 3, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment