Professional Authors

မကျွတ်မလွတ်

ကျန်ရစ်ခဲ့တာလား
ထားရစ်ခဲ့တာလား
အဖြေက တစ်ယောက်တည်းရယ်…

ကြွှယ်ဝခြင်းပညာတွေသင်ယူရင်း
ဖြည်းဖြည်းချင်းမျှင်းလွမ်းပါ့မယ်
သူငယ်ချင်း ဆိုတဲ့
ခေါင်းစဉ်တစ်ခုအောက်မှာပေါ့ကွယ်…

အခြေအနေနားမလည်တဲ့
နှင်းဆီဖူးလေးတစ်ခုအတွက်
အာရုဏ်ကတော့ ပျက်ကွက်မယ်မဟုတ်ဘူး
အချစ်စာသားတစ်ချပ်ကို
ဆောင်းဦးရင်ဘတ်မှာကပ်ပြီး
နတ်သမီးလေးအတွက်
ကဗျာတွေ ဆက်နေတုန်းပေါ့…

ကြော်ညာကင်းတဲ့ နွေတစ်ရက်လောက်ပေးကြပါ
မေ အလယ်တည့်တည့်မှာ
ကိုယ်ထင်ပြမယ့် ဇာတ်လမ်းအကျဉ်းချုပ်တစ်ခုနဲ့
ကိုယ့်ကိုကိုယ်လက်နဲ့လှော်ခဲ့တာလဲကြာပြီလေ… 

In: ကဗျာ Posted By: Date: Dec 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment