Professional Authors

နှင်း

ရန်ကုန်မြို့ပြကြီးမှာ
ဒီဇင်ဘာညတွေက
အသက်ငွေ့ငွေ့ရှူ ရှိက်ပြီး
သေလိုက်ရှင်လိုက်

တစ်ပင်မှမပွင့်တဲ့
သဇင်ဝိဥာည်ဟာ
ဆောင်းရင်ခွင် အကြင်နာလက်မှာ
ကြိမ်ဖန်များစွာ
ပက်လက်လန်လဲကျ

မီးခိုးလိုအူပြစရာ
မြူ တစ်စမှမရှိတဲ့
ဒီဇင်ဘာနောက်ဆုံးညဟာ
ဘောင်ဘင်ခတ်ပြီး
ဇန်န၀ါရီတခါးချပ်ကိုစွဲဖွင့်တော့
ရှောင်ပြေးနေတဲ့ နှင်းက
မြောက်လေမှာ အငြင်းပွားစရာ .. .။

In: ကဗျာ Posted By: Date: Dec 31, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment