Professional Authors

အုံ့ပုန်း

သတ်မှတ်ချက်တွေကြားထဲ နေရထိုင်ရတာ
နှလုံးသားကို
အကြိမ်ကြိမ် ကြိုးမိန့်ပေးနေရသလိုပဲ ….
စိတ်တွေ
အခါအခါ သေတယ်..။

မြင်စေချင်ပေမယ့်
ထုတ်ဖော်မပြခဲ့တဲ့
ချစ်ခြင်းတရားတွေဟာ
သူနဲ့ကိုယ့်ကြား
စည်းတစ်ခုအဖြစ်နဲ့
ဘ၀တစ်ခုစာ ခြားခဲ့…

ဒီဇင်ဘာရေ . . . .

ငါ့ရင်ဘတ်ထဲ
ရေဓါတ်ခမ်းခြောက်နေခဲ့တာ
အချိန်အတော်ကြာခဲ့ပေါ့ ….

Fourteen4

In: ကဗျာ Posted By: Date: Dec 21, 2015
Comment #1

ကဗျာလေးတွေကောင်းတယ်ဗျ ( သတိရခြင်းအကြောင်းတွေ )
ဖေ့ဘုတ်မှာရောရေးလား ??

commentinfo By: မာန်ခက် at Dec 27, 2015
Comment #2

ကျေးဇူးတင်ပါတယ်ဗျ..
ဖေ့စ်ဘုတ်မှာတော့ မရေးဖြစ်သေးဘူး။ ရေးဖြစ်ရင် ပို့ပေးပါမယ်ဗျ။ 😀

commentinfo By: Fourteen4 at Dec 28, 2015
Comment #3

ဒီဇင်ဘာရေ . . . .

ငါ့ရင်ဘတ်ထဲ
ရေဓါတ်ခမ်းခြောက်နေခဲ့တာ
အချိန်အတော်ကြာခဲ့ပေါ့ …

commentinfo By: blur at Dec 29, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment