Professional Authors

ရွဲ့စောင်းနေတဲ့ ဆောင်း

ဒီနှစ်ဆောင်းဦးကို
ငှက်အတောင်ပံခတ်သံလို
သဇင်နဲ့ဆောင်တော်ကူးက အငမ်းမရ
တစ်ဖြန်းဖြန်းတူးစွတော့
အတိတ်စီက အလွမ်းအာသီသဟာ
ဖြူလွှလွှနှင်းတွေလိုကျလာတယ်

မျက်ရည်စက်လက်တွဲခိုနေတဲ့
ရဲရှနေတဲ့ ရင်ခုန်သံအကြင်နာဟာ
ခံရခက်လွန်းတဲ့ တက်မက်မှုနဲ့
နှလုံးသားထဲ စိုက်ဝင်သွားတာက
တစ္ဆေသရဲတို့ဝိုင်းဝန်းကိုက်ခဲသလို
တစ်ရင်ခွင်လုံး အပြိုင်းအရိုင်းလွင့်စင်
တစ်ခေါင်းလုံးပြင်မရတော့တဲ့
ဆံပင်ဖြူတွေလို

တစ်စစ်စစ်ကိုက်ခဲနေတဲ့ မြစ်ပွားနာလို
နှလုံးသားထဲ အမြစ်တွယ်နေတဲ့
သံယောဇာဉ်အစွဲအလန်းဟာ
တစ်ဖက်စောင်းနင်း သင်ခန်းစာများကိုထမ်းရင်း
ဒိုင်ယာရီစာမျက်နှာအဟောင်းရဲ့
ရင်ဘတ်ကြယ်သီးကိုဖြုတ်ပြီး
အလွမ်းမီးကို ရဲနေအောင်မွှေးတယ်

ဘယ်လိုပြောရမလဲ
နားကြားလွဲခဲ့တဲ့ အဲဒီရင်ခုန်သံမှာ
တစ်ကြော့ပြန်ဆောင်းဟာ
မကျက်တော့တဲ့အနာလို
ဒီနှစ်ဆောင်းကလဲ မနှစ်ကဆောင်းလိုပဲ
အလွမ်းအဆွေးများနဲ့
ရွဲ့
   စောင်း
           နေ

In: ကဗျာ Posted By: Date: Dec 20, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment